Professional Authors

ဆိုက်ကို တတ်(စ်)

မခေါ်ပဲ နဲ့
ရောက်ရောက်လာတတ်တဲ့
ညနေ
တစ်ချို့ပေါ့

အလွမ်းတွေကို
ပျော်ပျော်ပါးပါး
သယ်ဆောင်ကြလေရဲ့
ဆွေးစမ်းဟဲ့လို့
ဓါးနဲ့ခြိမ်းခြောက်စရာ
မလိုပါဘူးဗျာ
ခင်ဗျားကို
ချစ်လွန်းလို့
လိုလို ချင်ချင်နဲ့
ဒူးထောက်
အရူးတစ်ယောက်လို
ပုံဖမ်းခဲ့သူပါ
ဒါပေမယ့်
ငါ လူနုံတစ်ယောက်
မဟုတ်ဘူးဆိုတာ
နင်အသိဆုံးပါ…
စကားကို ပါးစပ်က
ပြောစရာမလိုဘဲ
အလိုလိုနားလည်တဲ့
နင်ကို အရင်က
အထင်ကြီးမိတာအမှန်ပါ
ဒါပေမယ့်
နင်က တလွဲ အသုံးချတယ်လေ
အချစ်တွေက
မနက်မနက်
အဆွေးတွေနဲ့
ဖက်ဖက် ပြီး
ထွက်လာကြလေရဲ့
အသည်းနဲ့ အသက်လို့
တင်စားခဲ့တဲ့နင်ကို
ငါက အခု
ဘယ်လိုလုပ်ရမလဲ….
ချစ်လည်းမချစ်
ပစ်လည်းမပစ် တဲ့
နင့်ကိုပေါ့
ဆိုက်ကိုနဲ့
ကျောင်းပြီးထားတာ
မဟုတ်ပေမယ့်
လူတစ်ယောက်ကို
အရူးလုပ်ဖို့က
နင့်အတွက်
အလွယ်လေးပါ
နင်ပေးတဲ့
ဆေးစာ ကို
ငါယူခဲ့တာမဟုတ်ဘူး
ငါဘာသာ
ငါရေးခဲ့တာပါ
ငါကျေနပ်တယ်လေ
နင်ကြောင့်
ငါရူံးရတာ
ငါရူးအုံးမှာပဲ
ငါရှေ့လျှောက်လည်း
ထပ်ရူးရအုံးမှာပါပဲ…..။
သံယောဇဉ်သက်သက်ကို
ငါခါးဝတ်ပုဆိုးလို
မြဲမြံစွာ ၀တ်ဆင်ရင်းနဲ့ပေါ့…..။

In: ကဗျာ Posted By: Date: Sep 3, 2011
Comment #1

hote de,,
hote de,,

nin kyaunt,,
nin kyaunt,,
nin kyaunt,,

ngar koh ngar taung bar hman ko ma ti naing dot bu,,,
a chit,, a chit,,, a chit,,,
nin pe tin pay ke tar.
nin pe a u loak de.
bar hma ma ti tay de thu ko hma hle sar yet de,
duu htout htar tar taung yet sat phoe pe kyan se ke de.

commentinfo By: ei lay at Sep 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment