ချစ်သူ … ( FOR ZMMC )
ချစ်သူ…
မင်းလက်တွေသာ ခိုင်မြဲနေပါစေ
ခိုက်ခိုက်တုန်အောင်ချမ်းတဲ့ ဆောင်းနှင်းပွင့်လေးတွေကို
ငါ့ရင်ငွေ့နဲ့ ထပ်တူနွေးထွေးစေရမယ်…။
ချစ်သူ…
မင်းအပြုံးတွေသာ အမြဲဝေနေပါစေ
လောင်ကျွမ်းမတတ် အိုက်စပ်နေတဲ့ နွေနေပူကို
ငါ့နှလုံးသွေးနဲ့ အေးမြစေရမယ်…။
ချစ်သူ ..
မင်းရဲ့နှလုံးသားလေးသာ လှနေပါစေ…
အရိုင်းဆန်တဲ့ တစ်နယ်တစ်ကျေးမှာ
ငါ့ရဲ့ ကတိသစ္စာတွေ ခိုင်မြဲစေရမယ် ။
ချစ်သူ…
ယုံကြည်စွာသာ ကိုယ့်ပခုံးပေါ်မှာ မှီထားပေးပါ
သိပ်မဝေးတော့တဲ့ အချိန်
မင်းနဲ့ ဆုံဆည်းချိန်ပေါ့ ။
Comment #2
အားပေးသွားတယ်
By: Village chat kyi at Sep 4, 2011
Comment #7
wow…………..
yeah,,,
believe n faithfulness is the best for true love.
follow ur own decision.
no matter what people say.
By: ei lay at Sep 5, 2011
Comment #9
အရမ်းကိုကောင်းတယ်။
By: soe wunna at Feb 6, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
good 🙂