မျှော်တော်ယောင်(မျှော်တော်ယောင်)
မင်း ပြန်မလာတာကို
သိနေရက်နဲ့
မင်း ပြန်လာမယ့် လမ်းကို
မျှော်မိတယ်………………….
မင်း စာမရေးတာကို
သိနေရက်နဲ့
မင်း ပြန်စာကို
မျှော်နေမိတယ်……………
မင်း ဖုန်းမဆက်တာကို
သိရက်နဲ့
မင်း ဆက်မယ့် ဖုန်းကို
မျှော်နေမိတယ်…………
ငါမျှော်နေတာ မင်း
သိရက်နဲ့
တစ်ချက် မငဲ့ခဲ့ဘူး………
ဒါပေမယ့်
မင်း သိထားဖို့က
မင်းကို မျှော်နေတဲ့
ငါ ဆိုတဲ့ “မျှော်တော်ယောင်” ကို
ရက်စက်စွန့်ပစ်ခဲ့တောင်
ဆက်လက် မျှော်နေဦးမယ် ဆိုတာပဲ……………………………….။
Comment #3
wow,,,nice poem..
don’t b superstitious.
superstition will give u worries.
no doubt.
u’ll get all u want if ur love is true.
there is always reflection.
noone can destory.

Comment #4
how’s ur reflection now?

Comment #5
read again par,

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကောင်းတယ် ဗျာ
လုလင် အားပေးသွားပါတရ်