မုသားပြောသူနှင့် ကခုန်ခြင်း(မျှော်တော်ယောင်)
“သတိရတယ်”လို့ မင်းပြောတိုင်း
အခွန်ဆောင်ရမယ်ဆိုရင်
ငါ ဘီလျံနာ ဖြစ်မှရမယ်။
“လွမ်းတယ်”လို့ မင်းပြောတိုင်း
ငိုရမယ်ဆိုရင်
ငါ့မျက်ရည်တွေ ပစိဖိတ် ထက် နက်ရှိုင်းနေပြီ။
“ချစ်တယ်”လို့ မင်းပြောတိုင်း
တစ်ခါသေရမယ်ဆိုရင်
ငါ့မှာ အသက်ပေါင်း အင်္သေချေ ရှိမှဖြစ်မယ်။
မင်း ပြောသမျှဟာ
မုသားတွေပဲဆိုရင်တော့
ငရဲကျနေတဲ့ ဒေ၀ဒတ်တောင်
မင်းကို ဟားတိုက်ရယ်နေလောက်ပြီ……………………..။
Comment #3
har….
har,,,
a yan a yan kaung lun dot…d hmar kyat ti tway taung hta de.
wow,,,
i m really envious of ur lover.
love is a short word,
but it contains all.
it means the body,,the soul,,the life,,
By: ei lay at Sep 5, 2011
Comment #4
ကဗျာတွေမှာသုံးတဲ့စားသားတွေက မိုက်တယ်။
အားပေးသွားတယ်နော်
By: မိုးကြိုး at Sep 5, 2011
Comment #5
ကဗျာကောင်းတစ်ပုဒ်ဘဲ အားပေးသွားတယ်ဗျာ။
By: X - ray at Sep 6, 2011
Comment #6
really really really love it,
By: ei lay at May 2, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အသုံး အနှုံးတွေက တော့ လန်းတယ် ဗျာ