ကျောင်းတော်ထဲကကဗျာတပုဒ်
ကောင်းကင်တမွတ် ကြယ်ကိုဆွတ်သော်
မလွတ်စတမ်း ရမြဲလမ်း။ ။
ကိုယ်ဖွင့်ခံထားတဲ့လက်ဖ၀ါးထက်မှာ
အဲဒီကြယ်ကလေး ၀ိုးဝိုးဝင်းဝင်းလေးတောင်လက်မလာခဲ့ဘူး
ဟောင်းတော့ဟောင်းခဲ့ပါပြီ
ခေါင်းလောင်းသံကြားတိုင်း နင့်ကဗျာက
တုန်ရီ ဖျော့ဖျောင်း ဖြိုးဖျ နှုတ်ခမ်းဖျားပေါ်ထပ်လောင်းကျ လာတယ်။
ဲမြူလေးရေ
မုတ်သုန်တွေခိုဝင်လို့
အလင်းငှက်ရယ် နှင်းစက်ရယ် ဆောင်းမနက်ရယ် ရောက်လာပြန်ပြီ
ဘယ်ဆီမှာ စွတ်စိုနေပြီလဲကွယ်
ကျောင်းတော်ကြီးကတော့ အဖြူရောင်မျော်စင်နဲ့ နက်ပြာရောင်မြို့ရိုးရဲ့ အရိပ်ခိုတုန်း။
သူမက ကံ့ကော်သေပြီးဝင်စားတဲ့ယဉ်ကျေးမှုအရ လှတယ်။
ကိုယ်က ကဗျာနဲ့မျက်နှာသစ်တဲ့ အစဉ်အလာအရ လှတယ်။
ကိုယ်ကခြေထောက်နဲ့ လျောက်တယ်
သူမကလမ်းနဲ့လျောက်တယ်
ဒါနဲ့ပဲ လက်ခုပ်နှစ်ဖက်ဟာမမြည်ခဲ့ဘူး။
ခက်တယ်
ကမ္ဘာတခြမ်းအလင်းဖြန်းချင်သူနဲ့
ကဗျာတထမ်းအတွက်သာ ပွင့်လန်းချင်သူကို
ဘယ်လိုချိန်ခွင်မျိုးနဲ့ တိုင်းတာကြမတဲ့လဲ။
ဒီလိုနဲ့ပဲ
သူမကကြယ်နဲ့ကျစ်ထားတဲ့ ကြိုးတချောင်းဆိုရင်
ကိုယ်ကနေနဲ့ကျစ်ထားတဲ့ ကြိုးတချောင်း
ဘုရားရှင်တောင် ပေါင်းစည်းပေးဖို့ခက်ကောင်း ခက်မယ်။
မြူရယ် ကိုယ်ရယ်
ဟိုး နီညှို့ရောင်မှိုင်းဖျဖျ တောအုပ်ရယ်
ှတီတီတာတာ တိမ်လိပ်တွေရယ်———–လို့ရွတ်ဆိုပြီးပြေးလွားနေတဲ့စိတ်မနှံ့သူတစ်ယောက်။
ဘယ်လိုကစားနည်းလဲကွယ်
လဲကျသွားတာတောင်
ဖျော်ဖြေတင်ဆက်မှုတဲ့။ ။
ကြယ်ဝေး
Comment #3
တော်တော်ကို လှတဲ့ ကဗျာလေး
အားပေးသွားပါတယ်…
Comment #4
ကိုယ်ကခြေထောက်နဲ့ လျောက်တယ်
သူမကလမ်းနဲ့လျောက်တယ်
ဒါနဲ့ပဲ လက်ခုပ်နှစ်ဖက်ဟာမမြည်ခဲ့ဘူး။
Comment #6
*****ဘယ်လိုကစားနည်းလဲကွယ်
လဲကျသွားတာတောင်
ဖျော်ဖြေတင်ဆက်မှုတဲ့*****
အရမ်းကောင်းတယ်ကွာ……
အားပေးသွားတယ်…………ကြယ်ဝေးရေ
Comment #1
စကားလုံးအလှလေးတွေစုထားတဲ့စာစုနဲ့ တူတယ်။E-than ဘယ်သူလဲတော့သိတယ်မလား။