သနပ်ခါးဖြင့် ဧည့်ခံခြင်း(စာပေဗိမာန်ဆုရ)
နံ့သာပင်သည၊် ပန်းပွင့်ပြီကို
နေခြည်နွဲဆိုး ၊ မသိနိုးလည်း
ရိုးရိုးစင်စင်၊ ရနံ့လွင်လျက် ။
နံ့သာပင်သည၊် ပန်းပွင့်ပြီဆို
လေပြည်ကခိုး၊ သယ်ဆောင်ပိုးလည်း
ညိုးညိုး ညင်ညင်၊ ရနံ့တင်လျက် ။
နံ့သာရည်တင်၊ နုပါးပြင်သည်
မွှေးချင်စဖွယ်၊ အလှကြွယ်လျက် ။
တစ်ခက်တစ်ပွင့်၊ ကေသာဆင့်လျှင်
နမ်းချင့်စဖွယ်၊ အလှထည်လျက် ။
သြော်……..
ဘဝဂြိုလ်ပြာ၊ အလည်လာခိုက်
နံ့သာလိုလူ၊ ပန်းလိုလူဟု
ကြည်ဖြူဆိုရန်၊ မြတ်မျိုးမှန်အောင်
တန်ဖိုးမြှင့်လျက်၊ အမှတ်ပွား…
စံထိုးချင့်တွက်၊ သနပ်ခါး..။ ။
(စာပေဗိမာန်ဆုရ စာအုပ်မှကဗျာအား ကူးယူတင်ပြထားပါသည်)
Comment #3
သြော်……..
ဘဝဂြိုလ်ပြာ၊ အလည်လာခိုက်
နံ့သာလိုလူ၊ ပန်းလိုလူဟု
ကြည်ဖြူဆိုရန်၊ မြတ်မျိုးမှန်အောင်
တန်ဖိုးမြှင့်လျက်၊ အမှတ်ပွား…
စံထိုးချင့်တွက်၊ သနပ်ခါး..။ ။
By: May Kha at Sep 5, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကူးသွားပါတယ်……….