ကျောင်းပုံပြင်
ချစ်ရနံ ရဲ့
သက်သေ
အလွမ်းတွေရဲ့
မနက်တွေမှာ
အဆွေးတွေကို
ကဗျာဖွဲ့
ခပ်နွဲ့ နွဲ့
မဟုတ်ပေမယ့်
ခပ်ကြမ်းကြမ်းလည်း
မစပ်တတ်သူ
ဒဏ်ရာတွေက
မကျက်သေးတော့
ကျောင်းကန်တင်းမှာ
ငါမတ်တတ်ပေါ့
အပြင်မှာပူတဲ့နေ
နှလုံးသာမှာ
သာနေသလို
ရေငတ်လိုက်တာ
အချစ်ရယ်
ချွေးတွေပါ ချစ်သူ
မျက်ရည်ရယ်
မဟုတ်ရပါဘူး
ငန်တာချင်းတော့
အတူ တူပေါ့
အတူတူ လျှောက်ခဲ့တဲ့
လမ်းတွေကတော့
နီနေဆဲပါလေ
နှလုံးသွေးတွေနဲ့
ရော ယှက်လျှက်ပေါ့
ပညာသင်ရင်း
အနေနီးခဲ့တဲ့
ငါ့အတွက်
ကျောင်းတက်ပျော်ခဲ့တယ်လေ…..။
အဲ့ဒါ နင့်ကြောင့်ဆိုတာတော့
သေချာတယ်
နှလုံးက နှာ
အသည်းကအောင့်
တစ်ခါတစ်ခါ
အတန်းရဲ့ ထောင့်မှာ
နင်လာမလားလို့
ငါတစ်ယောက်တည်းစောင့်မိတယ်
နင်မရှိမှန်းသိလေရဲ့နဲ့
ဦးပြောင်ကြီးများသိလေမလား
ညောင်နီရွက်မှာများ
ရှိလေမလားလို့
ငါရှာမိတာအခါခါ
တစ်ခါတစ်ခါများဆိုရင်
နင်နဲ့ အတူတူထိုင်ခဲ့တယ့်
ထိုင်ခုံလေးများက
ငါ့ကို လှမ်းလို့ခေါ်
အခုတော့ငါလည်း
လွမ်းလို့
သံလျှင်တံတားဘေး
သွားလို့အော်နေရပြီ ချစ်သူ……။
ပေးခဲ့တဲ့ ကတိ
ထားခဲ့တဲ့ သစ္စာ တွေက
ကိုယ့်ကို အသက်ရှင်လျှက်ရှိနေတဲ့
မင်းနန္ဒာလက်သစ်
ဖြစ်စေခဲ့လေရဲ့….။
လွမ်းစေတီရဲ့အဝေး
အကြော်ဆိုင်ကလေး ဘေး
ငါထိုင်ငေးရင်း
တစ်ခါတစ်ခါ
မိုးပြေးတွေက
မင်းရှိတဲ့ အတိတ်ကို
ခေါ်ခေါ်သွားလေရဲ့
အဆိုင်းမန့်တွေတင်
ကျူတို တွေဖြေနဲ့
ကျောင်းသားဘ၀ကို
လွမ်းရင်
မင်းကို တော့
ရှေ့ဆုံး ကပေါ့……။
ပျော်စရာ
အချိန်တွေဟာ
တဖြည်းဖြည်းနဲ့
လွမ်းစရာ
အတိတ် အဖြစ်သို့
တီးတိုးစွာ ညည်းရင်း
ဖြည်းဖြည်းနဲ့ မှန်မှန်
ပြောင်းလဲ ကြလေရဲ့….။
ကျောင်းကားရဲ့အပေါ်မှာ
တစ်ခါတစ်ရံ
မင်းရယ်သံ
မင်းစိတ်ကောက်သံတွေဟာ
အင်ဂျင်သံတွေအဖြစ်
ငါကို နှောက်ယှက်ကြလေရဲ့
ဒါပေမယ့်
ငါ… စိတ်မဆိုးရက်ပါဘူး
ငါက ချစ်ရသူကို….။
မင်းနဲ့ အတူ
လျှောက်ခဲ့ရတဲ့လမ်းတွေ
ငါ့တို့နှစ်ယောက်ကို
နှောက်ယှက်တတ်တဲ့
နေမင်းကို
အံတု ရင်းဆောင်းခဲ့တဲ့
ထီးပြာကလေးလဲ
အခုတော့ အရောင်တွေ
ပြောင်းချေပြီ….။
သေချာပါတဲ့
ငါ့အနားမှာ
နင်မရှိတော့ဘူး
ဆိုတာလေ
ဒါပေမယ့်
ချစ်ရသူရေ
မင်းရဲ့ အသံ
မင်းရဲ့ ဟန်
မင်းရဲ့ ပုံရိပ်
မင်းရဲ့ အတိတ်တို့ဟာ
အသည်းမှာထိုး
နှလုံးမှာတင်
အက္ခရာအသွင်
ပြောင်းရင်း
ကျောက်စာထွင်းခဲ့ချေပြီ…။
မင်းပုံရိပ်လွှာကို
ငါလွမ်းရင်း
မင်းရှိတဲ့
လမ်း
ကန်တင်း
အတန်းတွေကို
ငါလျှောက်ရင်း
လွမ်းနေချပြီ ချစ်သူ…..။
မပူပါနဲ့ မင်းနဲ့ ဝေးရာမှာ
ငါကြာကြာမနေနိုင်ပါဘူး……..။
ငါ……………….။
Comment #2
he,,he,,
great,,,
kyaung taung tat chin lar p.
Comment #1
အားပေးသွားပါတယ်………..