နှင်းခေတ်မှာပျောက်သွားတဲ့နံရိုးလေး
လရောင်အဆက်ဆက်တိုင် တွဲလက်တွေမြဲမြဲခိုင်ကြမယ်တဲ့။
ခုတော့
ပုလင်းခွံတွေ စီရရီသီးနေတာတောင်
ညသန်းခေါင်တွေ ခေါင်းပြန်ထောင်မလာနိုင်သေးဘူး။
ကိုယ်ကြားနေကျ စောင်းကြိုးရှိုက်သံလေး————-ပျံ့လွင့်
ခရေပွင့်တွေ နေရင့်ရင့်မှာ
လေသင့်ရာကို တလွှာ့တလွှာချင်း
ခယ၀ပ်စင်းသွားရ။
နှုတ်ခမ်းပြာနေကျ မိုးရနံ့ပင်အောက်က
ပက်လက်ကလေးမှောက်နေတဲ့ ထီးကလေးကို လွမ်းတယ်။
ရနံ့တွေအလီလီနဲ့ပွင့်နေမယ့် ဆောင်းဝတ်ရုံလေးကိုလည်း လွမ်းတယ်။
တကယ်ပါပဲ
ကိုယ်အမှတ်တရ ပျောက်ရှခဲ့တဲ့နံရိုးကလေးကို
ဘယ်နတ်ဘုရားကများ ပန်းအဖြစ်အမှတ်မှားပြီး
ခိုးဝှက်ထားပါလိမ့်ကွယ်။ ။
ကြယ်ဝေး
Comment #3

Comment #4
နှုတ်ခမ်းပြာနေကျ မိုးရနံ့ပင်အောက်က
ပက်လက်ကလေးမှောက်နေတဲ့ ထီးကလေးကို လွမ်းတယ်။
ရနံ့တွေအလီလီနဲ့ပွင့်နေမယ့် ဆောင်းဝတ်ရုံလေးကိုလည်း လွမ်းတယ်
ကြယ်ဝေးရေ……..အားပေးသွားတယ်ကွာ
Comment #5
ကြယ်ဝေးရေ…….အစ်မရေးတဲ့ပိုင်ရှင်ဘယ်သူလဲဆိုတဲ့ထဲံမှာတော့
နံရိုးတစ်ချောင်းပိုနေတယ်…….ကြယ်ဝေးကပျောက်နေတယ်ဆိုလို့
ပြောပြတာနော်……..:P
Comment #6
ကဗျာက..ချစ်စရာလေးဗျ
goodတယ်အားပေးသွားပါတယ်။
Comment #7
ချစ်စရာလေး……:):) like it !
Comment #8
တကယ်ပါပဲ
ကိုယ်အမှတ်တရ ပျောက်ရှခဲ့တဲ့နံရိုးကလေးကို
ဘယ်နတ်ဘုရားကများ ပန်းအဖြစ်အမှတ်မှားပြီး
ခိုးဝှက်ထားပါလိမ့်ကွယ်။ ။
Comment #1
တကယ်ပါပဲ
ကိုယ်အမှတ်တရ ပျောက်ရှခဲ့တဲ့နံရိုးကလေးကို
ဘယ်နတ်ဘုရားကများ ပန်းအဖြစ်အမှတ်မှားပြီး
ခိုးဝှက်ထားပါလိမ့်ကွယ်။ ။
🙂