တစ်ခါက သူငယ်ချင်း
ဒီလိုသံယောဇဉ်နဲ့တင်
ငါတို့အိပ်မက်တွေလည်း အေးစက်ကုန်ပြီ
ပြန်မလာတော့တဲ့ အမှတ်တရများ
ပြန်မကြားနိုင်တော့သော စကားသံလေး
တရံတခါတော့ . . . ငါ
တစ်ယောက်တည်း အေးအေးလေး လွမ်းနေမိ
ဆွေးနေတာတော့မဟုတ်ပါဘူး
သတိရနေတာပါ
ချစ်နေတယ်လို့ မပြောပါဘူး
တစ်စုံတစ်ခုသော အတိုင်းအတာထိ ရင်းနှီးခဲ့သူ . . .
ထားခဲ့လိုက်ပါတော့
ငါတစ်ယောက်တည်း မကျန်ခဲ့ပါဘူး
နင်ရယ်၊ နင်လွယ်ထားတဲ့ အိတ်အဖြူလေး
နင်ပေးထားတဲ့ ဒိုင်ယာရီနဲ့ နင့်လက်ရေး
အစကတည်းက ဘာမှမဟုတ်ခဲ့တာ
အခုလည်း ဒီအတိုင်းအရိုင်းဆန်ဆန်လွမ်းချင်သူ
ထားခဲ့လိုက်ပါတော့
နင်ရယ်၊ နင့်မျက်ဝန်းတစ်စုံ၊ ပုံပြင်ဆန်သော ရင်ခုန်မှု
ဘာဆိုဘာမှ မရှိခဲ့လည်း
ငါ. . .တစ်ယောက်တည်း မကျန်ခဲ့ပါဘူး . . .။
နရီမင်းထက်(ဆေးတက္ကသိုလ်)
Comment #2
ဖြေတတ်ရင် ဘ၀ က ပျော်စရာကြီးပါ။

Comment #4
ထားခဲ့လိုက်ပါတော့
နင်ရယ်၊ နင့်မျက်ဝန်းတစ်စုံ၊ ပုံပြင်ဆန်သော ရင်ခုန်မှု
ဘာဆိုဘာမှ မရှိခဲ့လည်း
ငါ. . .တစ်ယောက်တည်း မကျန်ခဲ့ပါဘူး . . .။

Comment #1
အားပေးသွားပါတယ်