တုန်လှုပ်သူ လူညံ့
သမုဒ်အခြေ ရေအောက်ထိတောင်
မြှုပ်မလေ ခြေထောက်မိအောင်တဲ့
မွှေနှောက်မည့် ယုန်သူငယ် ။
ခုံမင်စဖွယ်
အနှစ်သာဓကတွေနဲ့
ပုံပြင်နှယ်
အသစ်ပမာပြလေမကွဲ့
ဇာတက အသိကြွယ် ။
ဒီဝိုင်းတဲ့ အရိုင်းနှယ်
လှိုင်းပင်လယ်၊ သူခြေဆန့် ။
ဂျုံတစ်ဆုပ် အကူအပံ့မပါနဲ့
ယုန်တစ်အုပ် ဇမူဖြန့်လာခဲ့
(ဘာတဲ့…..)
တုန်လှုပ်သူ လူညံ့ ။ ။
(စာပေဗိမာန်ဆုရ စာအုပ်မှကဗျာအား ကူးယူတင်ပြထားပါသည်)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
နောက်လဲဖတ်ချင်ပါသေးတယ်………