သွေးလက်နှင့်ဝေး
ရှင်မတောင် နံ့သာမွှေး
ပေးခဲ့တဲ့ ဘွားအမွေ
သင်းပျံ့ ဝေဝေ ။
မွှေးကြူစေ
ဆော်လေက အသွေး ။
သို့လည်းလေ အမြင်ထိတ်ပါဘိ
စိတ်ဓာတ်မှာ အတုမှားဝင်လို့
မိတ်ကပ်သာ အုထားချင်သတဲ့
နုပါးပြင် လွှမ်းကာခြယ်တော့
ခန်းသာလယ် နံ့သာမွှေးမှာဖြင့်
(ဘွားဒွေးရယ် … )
သွေးလက်နှင့်ဝေး ။ ။
(စာပေဗိမာန်ဆုရ စာအုပ်မှကဗျာအား ကူးယူတင်ပြထားပါသည်)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
သနပ်ခါးနံလေးသင်းသွားတယ်….ဒီကဗျာဖတ်ရင်းနဲ့………