မိုးကြီး(လေကြီး) လွမ်းတတ်သည်….
လွမ်းတတ်သူလေ
လွမ်းတတ်သူမို့
မိုးရာသီဝယ်
ဝသုန်အဦး
အချစ်ဦးကို
တမ်းတသတိရ
လွမ်းဆွတ်ရသည်…။
ထိုမှတဖန်
ဆောင်းလေအေးဝယ်
ဒီဇင်ဘာည
ခင်ခဲ့ရသည့်
ကျောင်းတုန်းကသူ
ချစ်ငယ်ဖြူအား
နှစ်ထောင်းအားရ
လွမ်းရချေ၏…။
သစ်ရွက်ကယ်ကြွေ
ဆောင်းအကုန်မို့
နွေသို့ကူးပြီ၊ဂိမာန်ဦးမို့
ခြောက်သွေ့ကုန်စင်
လွမ်းရိပ်သွင်က
ပိုမိုထင်းမို့
လမ်းခွဲစကား
ပြောကြားခဲ့သော
မဒီငယ်ငယ်
အလှကြွယ်အား
မြတ်နိုးသတိရ
လွမ်းဆွတ်ရပြန်သေးသည်….
သူ့တွေ့လည်း
ကျွန်တော်လွမ်းသည်
ဟိုသူတွေ့လည်း
ကျွန်တော်လွမ်းသည်
ကဗျာဆရာမို့
လွမ်းသည်
ချစ်တတ်သူမို့
လွမ်းသည်
ဆရာလယ်တွင်းသားစောချစ်ကဲ့သို့
လွမ်းသည်
အညာမှာမမွေးလို့
ဆရာလိုလွမ်းစရာသစ်ပင်
ရှာမတွေ့
သို့ပေမယ့်
ချောင်ဝယ်ခွေ့လို့
ကျွန်တော်
ကပ်သီးကပ်သပ်
လွမ်းပါသည်…။
ထိုသည်တို့သည်
ကျွန်တော်မျိုး၏
လွမ်းတတ်သော
သုံးရာသီအလွမ်းဖြစ်သည်……….။
မိုးကြီး(လေကြီး) လွမ်းတတ်သည်….။
Comment #3
lwann tal..
lwann lote lwann tal ..
minn kabyar kyoung’ lwann tal .lwann ya dal kg par dal
Comment #5
miss so so so muchhhhhhhhhhhh
Comment #1
ဟဟဟ
goodတယ်ဗျာ .