တစ်ခါက ကျွန်တော်ရဲ့ပုံရိပ်တွေ……………
ပျော်စရာဝယ်
ချိန်တွေဖြတ်သန်း
ကုန်လွန်ခဲ့သည့်
ငယ်ဘ၀လေ
လွမ်းစရာဝေး
အပူမပေး
ငယ်မူလေးမို့
စိတ်ထဲဝယ်လေ
တစ်၊နှစ် စာကို
ချစ်ရုံကလွဲ
တစ်ခြားအာရုံ
စိတ်ဝယ်မပုံ
ဖြူစင်လှသည့်
ကလေးဘဝ
အပေါ်အဖြူ
အောက်အစိမ်းမို့
ညီညီညာညာ
စုစည်းဖျာလို့
တက်ကြရသည့်
ရပ်ကွက်နံဘေး
ကျောင်းကလေးက
ခုထိတိုင်အောင်
လွင်ဆဲသံစဉ်
ခေါင်းလောင်းသံပင်
နားဝယ်ပြန်ကြား
ငယ်ကသင်ကြားသော
သူငယ်မှစ
လေးတန်းထိသင်သော
လူပြည်တွင်မရှိသော
ဆရာမလေးအား
ရှိခိုးသတိရ
လွမ်းဆွတ်မိ၏..။
အမေ့၏ စေတနာ
တောင်းဆိုတာများလို့
ဝယ်ပေးခဲ့သည့်
ထမင်းဘူးလေးလဲ
အခု အိမ်ရဲ့ အောက်
တိုင်ထောင့်လေးမှာ
ဟောင်းနွမ်းချေပြီ
ပေါင်းခဲ့သင်းခဲ့
ခင်ခဲ့မင်ခဲ့
သူငယ်ချင်းများလည်း
အခု
အလုပ်ခွင်သို့
ကျောင်းဌာနေမှ
ဝမ်းစာအတွက်
ပြောင်းကြလေပြီ…။
ဘာပဲဖြစ်ဖြစ်
တို့ကြောင်းမှ သံစဉ်
ခေါင်းလောင်းသံလွင်လွင်ကို
ကျွန်တော့်နားထဲကြားတိုင်း
သင်ပေးခဲ့သည့်
ဆရာမများ
တူပျော်ခဲ့သည့်
သူငယ်ချင်းများအား
လွမ်းဆွတ်တမ်းတ
သတိရရင်း
ထိုကဗျာနဲ့ဂုဏ်ပြုပါရစေ
တစ်ခါက ကျွန်တော် ပုံရိပ်တွေလေ…………။
သူငယ်တန်းမှ သင်ပေးခဲ့သောယခု လူပြည်လူလောကတွင် မရှိတော့သော ဆရာမကိုဦးချကန်တော့ရင်း အသုဘ ပျက်ကွက်ခဲ့သော
တပည့်အားခွင့်လွှတ်ပါရန်တောင်းပန်ရင်းးးးးးးးးးးးးးးးးးးးးးးးးး။
မိုးကြီး(လေကြီး)