ကျွန်တော်ချစ်သော အမေ .. ( လူဆိုး )
အမေ့အိမ်နဲ့ဝေးတဲ့နေရာဆိုတာ လှုံခြုံနွေးထွေးမှုမရှိမှန်းသိပေမဲ့
မပြည့်စုံတဲ့ကျွန်တော်တို့ရဲ့ဘဝလေး ပြည့်စုံအောင်တော့
ချစ်တဲ့အမေနဲ့ ခဏတော့ဝေးနေရမှာပေါ့နော် အမေ
အဲဒီခဏ ဆိုတဲ့စကားလေးကိုအကြိမ်ကြိမ်မျိုချရင်း
အမေ့ကိုလွမ်းနေခဲ့တာ ၅ နှစ်တောင်ရှိပြီနော် အမေ
အမေ ဆိုတဲ့အဓိပ္ပါယ်ကိုနားမလည်သေးခင်မှာ အမေနဲ့ဝေးနေရတဲ့ ဘဝဟာ
ဘယ်အရာတွေနဲ့အစားထိုးပြီး ဘယ်အရပ်ဒေသမှာပျော်နှိုင်မှာလည်းဗျာ
ဒုက္ခနဲ့ တစ်ခါကြုံတိုင်းအမေ့ရဲ့လက်ကိုတစ်ခါကိုင်ပါရစေ အမေ
ဝမ်းနည်းမှုတွေနဲ့တစ်ခါကြုံရတိုင်း အမေ့ရဲ့အားပေးစကားတွေကို တစ်ခါကြားပါရစေ
မောပန်းနွမ်းနွယ်နေချိန်တိုင်း အမေ့ရင်ခွင်မှာ တစ်ခါနားခိုပါရစေ အမေ
အိမ်ပြန်ဖို့ကြိုးစားတဲ့အခါတိုင်း လိုအပ်မှုတွေကတားဆီးတက်လွန်းလို့
အမြဲတမ်းလိုအပ်နေတဲ့လောကကြီးကိုစိတ်နာချင်တယ် အမေ
အသက် ၂၅ေ၇ာက်လို့ ရင့်ကျက်ပြီထင်ပေမဲ့ တကယ်တော့ အမေ့ကိုလွမ်းတဲ့စိတ်ကြောင့်
အိပ်ဖို့တောင်မစွမ်းဆောင်နှိုင်သေးပါဘူး အမေ
အမေ့ရဲ့နွေးထွေးမှုမရှိတဲ့အရပ်မှာ ဘယ်လောက်ကြာအောင်ဝမ်းနည်းအထီးကျန်မှုတွေနဲ့
ပေါင်းသင်းနေရအုံးမှာလည်း အမေ
ဟိုးတစ်ချိန်က ကောင်းကင်ကြီးအထီးမကျန်စေချင်တဲ့ ဆန္ဒနဲ့
ကြယ်လေးတွေမကြွေဖို့ဆုတောင်းပေးခဲ့တဲ့ သားအတွက်
အခုဘယ်သူတွေဆုတောင်းပေးကြမှာလဲ အမေ
ဆန္ဒနဲ့ ဘဝ တစ်ထပ်တည်းမကျသေးတဲ့အချိန်မှာ ဖြစ်ချင်တာတွေမဖြစ်ခဲ့ရပေမဲ့
ရည်မှန်းချက်ကိုပြည့်အောင်ကြိုးစားရင်း အသက်ရှင်နေသမျှတော့
မျှော်လင့်ချက်တွေတောင်ပံတပ်လို့ အမေရှိရာအရပ်ကိုအမြဲပျံသန်းဖို့ကြိုးစားနေမှာပါ .. ချစ်သောအမေ
Apirl . 21 . 2010 တွင်ရေးသားသည် ။ လူဆိုး
Comment #3
လူဆိုးရေ………….အားပေးသွားပါတယ်…..
Comment #6
အမေ ချစ်တဲ့သားတွေ..အတွက်
အားဆေးလေးတစ်ခွက်ပေါ့ဗျာ။
အားပေးသွားပါတယ်။
Comment #8
အရမ်းကောင်းတယ် မေတ္တာဘွဲ့ တစ်ပုဒ်ပဲ ……….အားပေးသွားတယ် လူဆိုးလေး
အမေဆိုတာ သားသမီးတွေရဲ့ ခွန်အားပဲ……………
Comment #10
အစ်ကိုတော့မဟုတ်ဖူးကွ အစ်မရယ်ပါကွာ …………
ငါလည်းမအားတာနဲ့ မင်းကို အခုမှ ပြင်ပြောနိုင်တော့တယ်…………..
Comment #13
သေလိုက်စမ်း ကိုကြီးလူဆိုးက အသက် ၂၅ နှစ်လား ကျွန်တော်က ကျွန်တော့ထက်ငယ်တယ်ထင်တာ တော်သေးတယ် ကျွန်တော့ထက်ငယ်တယ်အထင်နဲ့စာမရိုက်မိလို့ အစ်ကိုကြီးလူဆိုးက အမေ့ကိုလွမ်းနေပုံရတယ်နော် မြန်မာပြည်ရောက်တာနဲ့ အမေ့ကိုတွေ့ရမှာဘဲ အားတင်းထားပါဗျာ ဘာအခက်အခဲပဲရှိရှိ အမေ့ဆုတောင်းတွေကြောင့်ပြေလည်သွားမှာပါ ကိုလူဆိုး အမြန်ဆုံး အမေ့အိမ်ပြန်နိုင်ပါစေ ။
Comment #15
ရပါတယ် ray လို့ခေါ်လည်း never mind ပါ ကျွန်တော်က လူဆိုးထက်တော့ အသက်တော်တော်ငယ်တယ်ဗျ ပြောပြတာပါ အသက်ငယ်တာလာကြွားနေတာမဟုတ်ပါဘူး ။
Comment #17
လူဆိုးက အပြင်ရောက်နေတာလား
ဘ ယ်ရောက်နေတာလဲကွ………
ငါးနှစ်ကျော်တောင် အမေနဲ့ ခွဲနေရတာဆိုတော့ ကိုယ်ချင်းစာပါတယ်ကွာ
Comment #1
ကောင်းပါတယ်
ဝင်ရောက် ခံစား အားပေးသွားသည်။
..မောင်လေး.လူဆိုး