ဘ၀နဲ့ရင်းသော အလွမ်း …
အရွက်စိမ်းကြားက
(မကြာခင် နွမ်းခြောက်မဲ့)
ပုရစ်ဖူးက
ဥယျာဉ်မှူးကို မျှော်တယ် ။ ။
သူ့အဆင်း ၊ သူ့အနံ့နဲ့
လောကကို အလှဆင်မတဲ့လေ …
သူ့အသံက
တစိတ်တော့ တိုးညှင်းလွန်းတယ်
(ငါကရော . . . )
တီးသူမဲ့ ဂစ်တာက . . .
သူ့ရင်ထဲက ကြိုးကို မျှော်တယ်
အတိတ်ကို အိပ်မက်ရင်း
ဝမ်းခေါင်းထဲက ကြွက်တိုးသံနဲ့
လန့်နိုးတော့ သူငိုတယ် . . .
(ငါ့မှာလဲ ကြိုးမဲ့ရင်ဘတ်ရှိတယ်)
တိမ်ကြားနေခြည်ရယ်
လင်းပါ
လက်ပါ
နွေးထွေးမှုနဲ့ လွှမ်းခြုံလှည့်ပါ
ငါ . . .
ပြန်လာဖို့ ပြောမထွက်ပေမယ့်
ငါ (တို့)
နင်(တို့)ကို
လွမ်း . . နေ . . တယ်
Comment #2
သူ့အဆင်း ၊ သူ့အနံ့နဲ့
လောကကို အလှဆင်မတဲ့လေ …
သူ့အသံက
တစိတ်တော့ တိုးညှင်းလွန်းတယ်
(ငါကရော . . . ) so good !
အားပေးသွား၏ …………
By: May Kha at Sep 7, 2011
Comment #7
ဖတ်ရှုခံစားသူအားလုံး
ကျေးဇူးတင်ပါတယ်ဗျာ . .
ရွှင်လန်းပါစေ . .
By: mgchannaye at Sep 7, 2011
Comment #8
ဖတ်ရှုခံစားသူအားလုံးကို
ကျေးဇူးတင်ပါတယ်ဗျာ . .
ရွှင်လန်းပါစေ . .
By: mgchannaye at Sep 7, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
သူ့အဆင်း ၊ သူ့အနံ့နဲ့
လောကကို အလှဆင်မတဲ့လေ …
သူ့အသံက
တစိတ်တော့ တိုးညှင်းလွန်းတယ်
(ငါကရော . . . ) so good !