အသုတ်စုံ
အစ်မရေ ကဗျာတစ်ပွဲလောက်
ချဉ်ငံစပ်လေး
ဘလက်မောင်တိန်ရယ်၊ လန်းဂေ့ရှ်ရယ် ရောသုတ်လိုက်
အလွမ်းလေးရွှဲရွှဲဆမ်းပေး
ရမယ် မောင်လေး
ကာရန်ရောထည့်ဦးမလား
ဟုတ်၊ ဘီလူးရယ်လေးနဲနဲခြေထည့်ပေးပါ
သိင်္ဂါရရောကြိုက်တယ်နော်
မထည့်နဲ.အစ်မ၊
သြော်၊ ဘယာနကလေးတော့ဖြူးပေးအစ်မ
ဟင်းရည်ကရော ဘာဟင်းရည်သောက်မှာလဲမောင်လေး
အိတ်ဇစ်ကြိုက်လား၊ဒါဒါကြိုက်လား၊
အင်ပရက်ရှင်ရမလားအစ်မ
အင်ပရက်ရှင်ကုန်နေတယ်မောင်လေး
အိတ်ဇစ်လေးသောက်ကြည့်ပါလား
မမတို.ဆိုင်က အိတ်ဇစ်ကနာမည်ကြီးလေ
တော်ပြီအစ်မ
ဒါဒါဟင်းရည်ပဲပေးတော့
ရော့၊မောင်လေး
အစပ်အဟပ်လိုရင်ပြောနော်
ကဗျာဆိုတာ လက်ကောင်းမှစားကောင်းတာကွဲ.၊ ဟင်းဟင်း။ ။
Comment #2
ကိုမော်နီကဗျာတွေကောင်းတယ်

Comment #3
ဟုတ်တာပေါ့……ဗျ
အားပေးသွားပါတယ်။

Comment #5
တော်တော်အရသာရှိတဲ့အသုတ်ပဲ…၀င်ရောက်စားသူံးသွားပါ၏ …..

Comment #6
nar dot ma le bu,,
he,,he,,
phat loh dot a yan kaung de,

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကဗျာဆိုတာ ခံစားချက် နဲ့  လက်ကောင်းကောင်း မှ စားကောင်းတာ
လုလင် လာရောက် စားသုံးသွားပါတယ်