တဆောင်းသစ်ပြန်ပြီ
တဆောင်းသစ်ပြန်ပြီ…..
အကြောင်းတရားတွေကို ဆန်းစစ်ရင်
အဟောင်းတွေ အသစ်ပြန်ဖြစ်။ ။
တဆောင်းသစ်ပြန်ပြီ…..
သံသရာကိုသာ ဆန်းစစ်ရင်
ကံကြမ္မာဆိုတာလဲ ကမ်းနားသစ်ပင်ပဲ။ ။
တဆောင်းသစ်ပြန်ပြီ…..
ကိုယ့်သမိုင်းကို ကိုယ်ပြန်ဆန်းစစ်
သမိုင်းဆိုတာလဲ တကြော့ပြန်ဆန်းသစ်မြဲ။ ။
တဆောင်းသစ်ပြန်ပြီ…..
ဆောင်းရဲ့ မျက်ရည်လေးတွေအဖြစ်
နှင်းပွင့်လေးတွေ ကြွေဆင်း
ကိုယ်တိုင်ရယ်ရင်း ငိုတတ်နေပါရော။ ။
တဆောင်းသစ်ပြန်ပြီ…..
ဆောင်းလိုဘဲ အေးစက်တဲ့
အသစ်စက်စက် မေးခွန်းတစ်ခုက
“ကျောင်းပြီးရင် ဘာလုပ်မလဲ? ” တဲ့။ ။
တဆောင်းသစ်ပြန်ပြီ…..
ဝေဒနာတွေကို ဖွင့်လှစ်ခွင့်မကြုံရင်
“သမိုင်းကြောင်းဆိုတာ တပတ်ပြန်လည်စမြဲပါ” တဲ့။ ။
တဆောင်းသစ်ပြန်ပြီ…..
မပွင့်တပွင့်ပြုံးတတ်တဲ့ အကြောင်းက
အက်ကြောင်းတခုလိုဘဲ
နှင်းပွင့်မျက်ရည်လေးတွေ
စီးဆင်းသွားဖို့ ချောင်းတစ်ခုတဲ့။ ။
တဆောင်းသစ်ပြန်ပြီ…..
လမ်းဟောင်းတွေကို ပြန်ဆွေးရင်
လမ်းသစ်တွေသာ နှေးကွေးမတဲ့။ ။
နှုတ်ဆက်ကြေကွဲစရာဆိုတာ
ရုတ်တရက်ဝေခွဲမရနိုင်တာမို့…..
တဆောင်းသစ်တိုင်းလည်း
အလွမ်းတွေ ရွက်သစ်ဝေဆဲဘဲ…….
အိပ်မက်တွေဟာ သစ်ဆဲဘဲ……
စိတ်ဓါတ်တွေဟာ ညစ်ဆဲဘဲ……။ ။
စစ်အေးငြိမ်း (6.11.08)
Comment #5
အားပေးဖေါ် မောင်နှမတွေအားလုံးကို ကျေးကျေးပါကွာ…….
လူဆိုးရေ ဒီတခါတော့ ခေါ်တာမှန်သွားပြီ ………..
Comment #1
နှုတ်ဆက်ကြေကွဲစရာဆိုတာ
ရုတ်တရက်ဝေခွဲမရနိုင်တာမို့…..
တဆောင်းသစ်တိုင်းလည်း
အလွမ်းတွေ ရွက်သစ်ဝေဆဲဘဲ…….
အိပ်မက်တွေဟာ သစ်ဆဲဘဲ……
စိတ်ဓါတ်တွေဟာ ညစ်ဆဲဘဲ……။ ။