“ငါ မင်း ပြန်လာမယ့်ရက်ကို မျှော်နေပါတယ်”(မျှော်တော်ယောင်)
သိပြီးသားကို
မသိချင်ယောင်ဆောင်
မေးနေမှတော့
မပြောချင်လဲ
ပြောရတော့မှာပေါ့။
ရှိပြီးသား အဖြေကို
မသိချင်ယောင်ဆောင်
မေးနေမှတော့
မဖြေချင်လဲ
ဖြေရတော့မှာပေါ့။
မမေးချင်ဘဲ မေးတာထက်
မသိချင်ဘဲ မေးတာက
ပိုဖြေရခက်လို့
မဖြေချင်ဘဲ ဖြေရမှာထက်
ဖြေချင်လွန်းလို့ ဖြေလိုက်မယ်
“ငါ မင်း ပြန်လာမယ့်ရက်ကို မျှော်နေပါတယ်”။
Comment #2
ဖြေချင်လွန်းလို့ ဖြေလိုက်မယ်
“ငါ မင်း ပြန်လာမယ့်ရက်ကို မျှော်နေပါတယ်”။
အရမ်းကောင်းပါတယ်ဗျာ……စာသားလေးက…။
By: ကေသရီ at Sep 8, 2011
Comment #3
အားပေးနေပါတယ်
By: Village chat kyi at Sep 8, 2011
Comment #4
he,,he,,
ma ti chin yaung saung nay tar hote par bu..
kha na kha na kyar chin loh par,
be lout nar htaung nar htaung koh a twat ma yoe naing bu lay.
he,,he,,
By: ei lay at Sep 10, 2011
Comment #5
ma ti chin yaung saung ma nay par ne,
lwan hla p.
hint,,hint,,
By: ei lay at May 3, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အမြန်ဆုံးပြန်လာပါစေလို့ဆုတောင်းပေးပါတယ်…….