စစ်သည်တော်တစ်ယောက်ရဲ့ အချစ်
မမြင်ရတဲ့ လောကဓံ ဓားချက်တွေအောက်မှာ
လူဟာ အလဲအကွဲ
“ဖျတ်ခနဲ” “ ဖျတ်ခနဲ ”
လျှပ်တစ်ပြက် ၀င်လာတဲ့ လှံချက်တွေကိုရှောင်ရင်း
သွေးသံအရဲရဲနဲ့ 
ဘ၀ဟာ . . .
ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ဖြစ်ခဲ့ရ။
အလွတ်ပေးလို့  မရတဲ့ ကံကြမ္မာ
သတိတစ်ချက်လွတ်မရတဲ့ ဝေဖန်သံများ
အဆင်မပြေမှုတွေ ထိုးစိုက်ထားတဲ့စစ်မြေပြင်ပေါ်
အိပ်မက်တွေ စစ်ခရာမှုတ်ပြီး
ကျားကုတ်ကျားခဲ တိုက်ပွဲဝင်ကြ။
စစ်မြင်းရထားများ . . .
ဝုန်းဒိုင်းကြဲ ချီတက်ကြ၊
သံသယမြားအစင်းစင်း ပစ်လွှတ်ကြ၊
မျှော်လင့်ချက်များ အတောမသတ်လဲပြို
တိုက်သံခိုက်သံများ နားထဲမှာ ဆူဝေဖြာထွက်
ရက်စက်ကြ . . . . . ကြမ်းကြုတ်ကြ။
တကယ်ဆို . . .
ကိုယ်ဟာ သူရဲကောင်းပါကွယ်၊
ရန်သူတွေ အလယ်မှာ
ချစ်သူရဲ့ လက်ကိုဆွဲ၊
ရွပ်ရွပ်ချွံချွံ အလံမလှဲ၊
နောက်ဆုံးအချိန်ထိ ရဲရင့်ပြခဲ့ပေါ့ . . . . . ။ ။
နရီမင်းထက်(ဆေးတက္ကသိုလ်)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အားပေးသွားတယ်