မရေးဖြစ်လိုက်တဲ့ သူမအကြောင်း
ဂစ်တာတီးမှ သံစဉ်ထွက်တာမဟုတ်ပါဘူး
မင်းနဲ့တွေ့ရင်
ငါ့နှလုံးသားဟာ
စီးချက်ညီညီ တေးဆိုနေကျပါ။
မင်းကြောင့်မို့
တေးဆိုတတ်တာ မဟုတ်ပါဘူး။
ခံစားချက်ကို ရင်ဖွင့်ရင်း
အထီးကျန်ဆန်တဲ့ လမင်းကြီးကို
မပျင်းအောင် သီဆိုပေးတာပါ။
မင်းကိုဘဲ ချစ်ခဲ့တာမဟုတ်ဘူး။
ဖြူစင်တဲ့ စိတ်ဓာတ်တွေကို ချစ်ခဲ့တာပါ။
အဲဒီထဲမှာ မင်းကအဖြူစင်ဆုံးဘဲ
ဒါကြောင့် မင်းကိုချစ်ခဲ့တယ်။
မင်းကြောင့် ငါလွမ်းတာမဟုတ်ပါဘူး
စီးချက်ညီတဲ့ ရင်ခုန်သံတစ်ခု
ရစ်သစ်ပျောက်သွားလို့
ငါ မိန်းမောသွားခဲ့တာပါကွာ ….။
ဒါပေမယ့် ဒီကဗျာလေးကတော့ မင်းကြောင့်ရေးဖြစ်သွားတာပါ။
နှင်းဝေမိုးလတ်
(သချာင်္-ဒုတိယနှစ်)
Comment #2
အားပေးသွားပါသည်

Comment #3
wow,,,
so touching,,
really really hit

Comment #4
lone wa kway kya twar pyan par de

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မင်းကြောင့် ငါလွမ်းတာမဟုတ်ပါဘူး
စီးချက်ညီတဲ့ ရင်ခုန်သံတစ်ခု
ရစ်သစ်ပျောက်သွားလို့
ငါ မိန်းမောသွားခဲ့တာပါကွာ ….။
ဒါပေမယ့် ဒီကဗျာလေးကတော့ မင်းကြောင့်ရေးဖြစ်သွားတာပါ။
ဒါပေမယ့် ဒီကဗျာလေးကတော့ မင်းကြောင့်ရေးဖြစ်သွားတာပါ။
ဒီစာကြောင်းလေးနဲ့  အဆုံးသတ် လိုက်တာ လေးသဘောကျတယ် ..