တေလေတစ်ယောက်ရဲ့ အလွမ်းနိဒါန်း (မိုးထက်အောင်)
ဘီလူးပျိုးတဲ့ပန်းမှာလည်း အဖြူရောင်သမ်းခွင့်ရှိတယ်
ဆွတ်ဆွတ်ဖြူနေတဲ့ ကမ်းပါးမှာကိုက သွေးစွန်းနေခဲ့တာ
ကျွန်တော်………
………………………………………………………….
မလွန်ဘူး…………………………………………………..
ရုပ်ကြမ်းကြီးနဲ့ ပဲ နွဲ့ ပါရစေ ကဗျာရေ
ဟော့ဒီကောင်ရဲ့အိမ်မက်မှာ……
……………………………………………………………
ပန်းတစ်ဖက် ဓါးတစ်ဖက်နဲ့  ကြွေရက်တွေကြမ်းတမ်းခဲ့တယ်
ရာဇ၀င်ထဲက ကမ်းပါးပေါ်မှာပဲ ခြေဆင်းထိုင်ရင်း တယောထိုးနေခဲ့တဲ့ကောင်ပါ
ဘယ်ပန်းသီးရဲ့ နိယာမကိုမှ လုံးဝရှာဖွေခဲ့တာမဟုတ်ဘူး
နောက်ဆုံးတန်းမှာပဲ နှုတ်ပိတ် တိတ်တိတ်လေးနေခဲ့တဲ့ကောင်ပါ
ကျွန်တော့်ကျောင်းစာအုပ်မှာ မှင်နီတွေများခဲ့ရပြီ
လမင်းကိုဝှက်ရင်း ကြယ်အကြွေတွေကျပျောက်ခဲ့ဖူးတယ်
ကျွန်တော်က နမော်နမဲ့လေဗျာ…….
…………………………………………………………………….
စလောင်းအရွဲ့ ကို အိုးအရွဲ့ နဲ့ တည်ချက်ခဲ့မိတဲ့ကောင်
(လာပါဗျာ……….)
နှုတ်ခမ်းပဲ့ နဲ့ ပဲ မီးထိုင်မှုတ်ကြတာပေါ့
ဘယ်ဝင်ရိုးစွန်းမှာမှ နေမရထိုင်မရ ငြီးငွေ့ နေခဲ့တဲ့ကောင်
တိမ်နဲ့ တွေနဲ့ ဖက် ကိုယ့်တွင်းကိုယ်တူးနေတော့မယ်
နွေး………ထွေး……..နေ……ပါ….ရ…စေ….တော့……
ဘီလူးပျိုးတဲ့ပန်းမှာလည်း…….
………………………………………………………………
ကျွန်တော်ဘာမှမပြောချင်တော့ပါဘူးဗျာ
(ရှုပ်ပါတယ်……..)
နောက်ဆုံးတန်းမှာပဲ နှုတ်ပိတ်
(ပြီးတော့…………)
တိတ်……………..ဆိတ်…………………………………….။
မိုးထက်အောင်
Comment #2
တစ်ပုဒ်လုံးပြောရက်စရာမရှိအောင် ကောင်းတယ်ဗျား)
Comment #6
ကိုမိုးထက်အောင်..ရေ….အကြံပြုချက်ပါ…။
ကိုမိုးထက်အောင်ကဗျာတော်တော်များများဖတ်ဖူးပါတယ်…ကောင်းလည်းကောင်းပါတယ်။
ကျွန်တော်သတိထားမိတာ…ခေါင်းစဉ်လေးတွေပါ…နည်းနည်းများထပ်နေသလားလို့ ….
(ကဗျာဆရာတစ်ယောက်ရဲ့ ဖန်တီးမှု့ လွတ်လပ်ခွင့်ကိုပြောတာမဟုတ်ပါဘူး)
ပြောရလောက်အောင်လည်းကျွန်တော်ဘာမှမတတ်ပါဘူး။အခုကဗျာလည်းတော်တော်ကောင်းပါတယ်။
ကျွန်တော့်အကြံပြုချက်ဟာ ရိုင်းစိုင်းသလိုဖြစ်သွားရင် ၊စော်ကားသလိုဖြစ်သွားရင် ကြိုပြီးတောင်းပန်ပါတယ်။
အရင်အပုဒ်ထက် ခုတစ်ပုဒ် ၊ခုတစ်ပုဒ်ထက် နောက်တစ်ပုဒ် ပိုပိုတိုးတက်လာမယ်လို့ လည်းမျှော်လင့်ပါတယ်…
အားပေးလျက်ပါ……………….။ 🙂
Comment #7
ဖတ်လိုက်ရတာအားရကျေနပ်ပါတယ်……………..
အမြဲအားပေးနေပါတယ်…..
Comment #8
ဘီလူးပျိုးတဲ့ပန်းမှာလည်း အဖြူရောင်သမ်းခွင့်ရှိတယ်
မှန်တယ်…အဖြူေ၇ာင်သမ်းခွင့်ရှိတာပေါ့
အားပေးသွားပါတယ်။
Comment #9
အကြံပြုပေးတဲ့ အစ်ကိုတော် terry ကျေးဇူးအထူးတင်ပါတယ်ဗျာ
ကျွန်တော်ကြိုးစားနေပါ့မယ်………။
Comment #10
လူတော်ကြီး….ထာဝရအားပေးနေလျှက်
Comment #11
he,he
so nice
Comment #12
ကျေးဇူးတင်ပါတယ်ဗျာ
Comment #13
ei lay read again
Comment #14
အိလေး ဆိုတဲ့ အစ်မတော်ကလား ဘာလား
ကျေးဇူးတင်ပါတယ်ဗျာ။
Comment #15
kwi,,kwi,,,
hote bu dot,,
Aunty
Comment #16
ဟုတ်ကဲ့ပါ ……အန်တီ
🙂
Comment #1
လမင်းကိုဝှက်ရင်း ကြယ်အကြွေတွေကျပျောက်ခဲ့ဖူးတယ်
ကျွန်တော်က နမော်နမဲ့လေဗျာ…….