ပျော်ပါစေ
နှစ်ဦးခါဆီမှ
ချစ်ဦးကိုငါလေခွဲခွါလို့ 
ကျွန်းသီဟိုလ်.. ဟိုအဝေးကိုကွယ်
ဆွေးရင်းနဲ့ လှမ်းခဲ့ရတာ
ကျွမ်းလှအသဲမှာ။
မှန်းဆဆ စိတ်ထဲမျှော်ရည်
လွမ်းလှပေါ့ အလီလီ။
ကျောင်းပိတ်မည့် ရက်တွေသည်
မဝေးပြီ ကုန်လုနီးပြီမို့ 
တမ်းတကာလေ လှမ်းကြွလာမလေ။
ပန်းလှတို့ တဝေေ၀
တို့ ရွာမြေ ဌာနေလေးဆီက
ပြုံးပန်းဝေ ခင်ကြိုရစ်တော့ကွယ်
ချစ်သမျှတွေ နှစ်ကိုယ် သစ်လို့ ရယ်
မင်းပျော်ရစ်နေတော့….။
တက္ကသိုလ်မြတ်မင်း
Comment #2
အားပေးသွားတယ်နော်…
By: May Kha at Sep 9, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကောင်းတယ်ဗျာ
အားပေးသွားပါတယ်