Good Bye
နှုတ်ဆက်နေတာ မဟုတ်ဘူး
ထွက်သွားဖို့
လက်ပြနေတာ…။
ကျောခိုင်းနေတာ မဟုတ်ဘူး
လုံးဝကို
လှည့်မကြည့်ချင်တာ..။
ခုလို ပြောလို့………..
မချစ်ခဲ့တာ မဟုတ်ဘူး
အရမ်းကို
ချစ်တတ်ခဲ့တာ…။
အဆုံးသတ်မှာ နာကျည်းစရာတွေ
မင်း…မင်းပေးခဲ့တာလေ..။
အတိတ်တွေကို မေ့ဖျောက်…
အလွမ်းတွေ ခြေရာကောက်လို့ရတဲ့ တစ်နေ့
မင်းဆီ ပြန်လာမှာပါ…။
သက္ကရာဇ်
Comment #3
ဒီလောက်ဖြစ်နေတာတောင်ပြန်သွားချင်သေးတယ်
By: ရနံ့ at Sep 9, 2011
Comment #5
ပြန်သွားရင်…….လက်ခံပါ့မလား…
သက္ကရာဇ်…
အားပေးသွားပါတယ်။
By: poem.poem28 at Sep 9, 2011
Comment #6
ပြန်သွားချင်တယ်ဆိုရင်
ဘာလို့ ထွက်လာသေးတာလဲ
ယောက်ျားလေးတွေကိုနားမလည်လို့
By: ခင်ဘုန်းနေ at Sep 12, 2011
Comment #7
ဟုတ်ပ.။
By: May Kha at Sep 12, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အလွမ်းတေါတောင် ခြေရာကောက်မယ်ဆိုပါလား။ စုံထောက်ပညာတတ်ထားပုံရတယ်။