ချစ်နေဆဲပါ ဒါပေမယ့်………
နင့်ကိုငါအရမ်းချစ်ခဲ့တာ
နင်သိမှာပါ……
နင့်အတွက်ငါဘယ်လိုဖြည့်ဆည်းပေးခဲ့တာ
နင်သိမှာပါ………
နင့်အနားမှာငါနေချင်ခဲ့တာ
နင်သိမှာပါ……….
ကျရောက်လာမယ့်မနက်ခင်းတိုင်းမှာ
နင်နဲ့တူတူနိုးထချင်ခဲ့တာ
ဖြတ်သန်းရမယ့်အချိန်တွေတိုင်းမှာ
နင်နဲ့ တူတူရှိချင်ခဲ့တာ
အချစ်တွေ ပျော်ရွှင်မှုတွေ
နင့်ကိုစံစားစေပြီးတော့
ဝမ်းနည်းမှု နာကျင်မှုတွေကို
ငါကခံစားပေးချင်ခဲ့တာ
တစ်ခုတော့
တောင်းပန်ချင်ပါတယ်……..
ငါဘေးနားဘယ်တော့မှပြန်မလာပါနဲ့ 
ငါနင့်ကိုအရမ်းချစ်ခဲ့တယ်
အခုထိလည်းချစ်နေတုန်း
နောင်လည်းဆက်ချစ်ဦးမှာပါ
ဒါပေမယ့်
ငါအချစ်က နင့်အတွက်တော့
အဆိပ်ပဲဖြစ်စေရမှာပါ
ချစ်လွန်းလို့သေရမယ်ဆိုရင်တောင်
ငါသေလိုက်ပါ့မယ်……….။
ဆက်လျှောက်ရမယ့်ခရီးလမ်းတွေကြမ်းနေလည်း
ငါတစ်ယောက်တည်း လျှောက်ပါ့မယ်
ချစ်ရလွန်းလို့နှလုံးသွေးတွေ
ယိုစီးလာရင်တောင်
နင့်ကြောင့်ပဲလေ ဆိုပြီးတော့
ငါကျေနပ်နေပါ့မယ်……..။
နင်ငါ့ကိုလာသတ်ရင်တောင်
နင့်လက်နဲ့ သေရတာပဲလေ ဆိုပြီးတော့
ငါပြုံးနေပါ့မယ်………။
Comment #2
တကယ်လာသတ်နေဦးမယ်…။
အားပေးသွားပါတယ်။
Comment #4
အားပေးသွားတယ်နော်
Comment #5
wow,,,
lay sar de..
ko a lo myo ma chit naing loh.(1 yoak de ma hlauk naing bu)
Comment #6
အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်။အချစ်ကြီးတယ်ရယ်လို့တော့မဟုတ်ပါဘူး။မချစ်တတ်တာပါ။ကဗျာကအဓိပါယ်တွေအများကြီးပါပါတယ်။
Comment #7
အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်။အကုန်လုံးကိုကျေးဇူးတင်တာပါ
Comment #8
တစ်ခုတော့
တောင်းပန်ချင်ပါတယ်……..
ငါဘေးနားဘယ်တော့မှပြန်မလာပါနဲ့ 
ငါနင့်ကိုအရမ်းချစ်ခဲ့တယ်
အခုထိလည်းချစ်နေတုန်း
နောင်လည်းဆက်ချစ်ဦးမှာပါ
Comment #9
အားပေးသွားပါတယ်နော်……
Comment #1
နင့်လက်နဲ့ သေရမယ်ဆို သေရဲတယ် ဆိုတဲ့ သဘောပေါ့နော်………………..။