နတ်နေကိုင်း
နေစရာမရှိပေမဲ့
ဖြေစရာတခုခုတော့ပေးပါကွယ်
ပြေရာပြေကြောင်းလဲ
မတောင်းဆိုချင်တော့ပါဘူး
နှုတ်မဆက်လဲသဘောပါ
ရုတ်တရက်နင်ပြောမှာ
မကြားချင်တဲ့အမုန်း
ငါ့နှလုံးခုန်သံရပ်အောင်
ပြောလေ….အခုပြောလေ ..ပြောစမ်း
ရူးရူးနှမ်းနှမ်းလျှောက်လုပ်တဲ့ ငါ
ဒီတစ်ခါတော့……
နောင်တဝေးသွားဘီ
ချောင်တစ်ချောင်မှာကြိတ်မှိတ်(ဂျောင်တစ်ဂျောင်မှာကြိတ်မှိတ်)
တိတ်တိတ်လေးပဲဆွေးတော့မယ်..
သြော်……
အရေးထဲဖန်ခွက်ကကျကွဲနေသေးတယ်
ဒီမှာဆွေးနေပါတယ်ဆို
ပုလင်းနဲ့ ဖန်ခွက်
ရန်ဖြစ်နေတာလားကွယ်
ဒီတစ်သက်နင်နဲ့ ဝေးရဘီထင်တယ်…
မေသဇင်ရေ…………..လို့ 
ရင်ထဲကမကြာခဏ
အသံတိတ်အော်အော်ခေါ်မိနေတယ်ကွယ်
မေသဇင်ရေ……
ငါတို့ မြို့ မှာချယ်ရီတွေတုံးတော့မယ်
ပြုံးချင်လဲပြုံးလိုက်ပါတော့
မုန်းချင်လဲမုန်းလိုက်နော်
ချယ်ရီတွေနဲ့ စခဲ့တဲ့ ဇာတ်လမ်း
ခပ်ကြမ်းကြမ်းအဆုံးသတ်တော့မယ်
ကဲ…မှန်းကြည့်စမ်း..ကွယ်
အလွမ်းတွေတစ်ဖြုတ်ဖြုတ်ကြွေနေတာ
သဲ့သဲ့လေးကြားတယ်မလား
အဲဒါ….အဲဒါ……….ငါ့မျက်ရည်တွေလေ
မြေပြင်မှာကျဲပြန့် 
ငါလဲမချိမဆန့် ခံနေရတယ်…
ဒီတစ်ခါလဲ…
ကြောင်တယ်လို့ ထင်ရင်လဲငကြောင်ပေါ့
လှောင်တယ်လို့ ထင်ရင်လဲ
ငါထင်လိုက်တော့မယ်
ကဲပြောစမ်း….
နင်ကြိုက်သလိုသာပြောပေတော့
အခုပြော..ငါ့ကိုပြောလိုက်စမ်းပါ
မညှာတာနေနဲ့…….့ ပြောဟာ…..
ရင်မောတာတွေဖွင့်မပြချင်ဘူး
နင်ပြောမှာလဲငါသိနေသလိုပဲ
မေသဇင်ရေ…….
အမျက်ပြေတိုင်း
နတ်နေကိုင်းလေး
ငါ့အတွက်ချန်ပေးပါနော်
စစ်စစ်(ခ)မိုးသူ(တောင်ကြီး)
Comment #2
nice poem.
but nat nay king so tar bar le hin?
da ke ti chin loh par naw,
Comment #1
တော်တယ်……..အားပေးသွားပါတယ်.