တိမ်တွေငိုတဲ့ နေ့ 
အသဲကွဲအရသာ
ချိုမြမြ ရှတတလဲမဟုတ်
တစ်ခါတစ်ခါ
ရင်ဘတ်ထဲလှိုက်ခနဲဖိုမော
ဘာဇောဘာဆန္ဒမှန်းမသိ
ပကတိကြည်လင်စိတ်မရှိ
သူသိသိမသိသိ….လွမ်းတယ်
အသဲကွဲအရသာ
ဖိန်းတိန်းတိန်း စူးရှရှလဲမဟုတ်
အကြိမ်ကြိမ် အမောဖောက်
ညကတောခြောက်ခဲ့သလို
တော်လဲသံတွေနဲ့ 
ဘယ်အရာကိုမှမမြင်
ဝိုးတိုးဝါးတားနဲ့ ညဥ့်နက်မိ
သူသိသိမသိသိ….လွမ်းတယ်
အသဲကွဲအရသာ
ဘယ်အရာမှမချိုမြိန်ခဲ့ပါ
အထီးကျန်နေ့ ရက်တွေကိုဖြတ်သန်းရင်း
အကျဉ်းတန်နေခဲ့ပေါ့
ဒီနေ့ ပဲ…
အပြီးတိုင်ပဲစဉ်းစားခဲ့ပါတယ်….
ဘာပဲဖြစ်ဖြစ်……..လွမ်းတယ်…………….
=================
စစ်စစ်(ခ)မိုးသူ(တောင်ကြီး)
Comment #2
အသဲကွဲအရသာ
ဘယ်အရာမှမချိုမြိန်ခဲ့ပါ
အထီးကျန်နေ့ ရက်တွေကိုဖြတ်သန်းရင်း
အကျဉ်းတန်နေခဲ့ပေါ့
စာသားလေးမိုက်တယ်။အားပေးသွားပါတယ်။
Comment #3
ကောင်းလိုက်တဲ့ကဗျာလေးပါ။ ညီအစ်ကိုမဟုတ်ပေမဲ့ အားပေးသွားပါတယ်။…………
Comment #4
အသဲကွဲအရသာ
ဘယ်အရာမှမချိုမြိန်ခဲ့ပါ
အထီးကျန်နေ့ ရက်တွေကိုဖြတ်သန်းရင်း
အကျဉ်းတန်နေခဲ့ပေါ့၊
Comment #6
လွမ်းပဗျား
အားပေးပါ၏
Comment #7
ဘာဇောဘာဆန္ဒမှန်းမသိ
ပကတိကြည်လင်စိတ်မရှိ
သူသိသိမသိသိ….လွမ်းတယ်
Comment #8
nice poem.
hote de,,
hote de,,
koh bar tar ko bar phyit hman ma ti bu phyit nay tar,
a khu lay hma say khan ka pyan lar tar.
d poem ko a yin lar phat mi yin doctor si taung twar sa yar ma lo bu naw.
a khu hma ti tar nar de kwar.
Comment #1
အထီးကျန်နေ့ ရက်တွေကိုဖြတ်သန်းရင်း
အကျဉ်းတန်နေခဲ့ပေါ့
ဒီနေ့ ပဲ…
အပြီးတိုင်ပဲစဉ်းစားခဲ့ပါတယ်….
ဘာပဲဖြစ်ဖြစ်……..လွမ်းတယ်…………