ငါ့နောင်တများ
ဌာနေအဝေး ကဗျာလေးဖြင့်
နှုတ်ခွန်းချိုသ လွမ်းပြသော်လည်း
ချစ်ညီမရယ် အလွမ်းမပြေ
ကျွမ်းလုပြီ ငါ့နှလုံးသားထဲ..။
ဝေးပြီဆိုမှ သိလာရသည့်
ချစ်ခြင်းမေတ္တာ ချစ်သဒ္ဓါက
ရင်မှာထိုးဖောက် တစ်မိုးအောက်သို့
တယောက်တည်းသာ ချစ်ခဲ့မိပြီ…။
ဒဏ်ရာတွေလည်း ရင်မှာမစဲ
တဆစ်ဆစ်နဲ့ ကိုက်ခဲနေဆဲ
ငါ့နှလုံးသားထဲ ဝင်ရောက်ကာရယ်
သခင်မြင်လှည့် ကြင်နာလှည့်ကွယ်…။
ချစ်သက်သေတွေ ရင်မှာတန်းစီကာ
ပြလိုက်ချင်ရဲ့ မြင်လှည့်မည့်သူ
ငါ့အနားမှာ မင်းမရှိလေတော့
ရင်နာနာနဲ့ ဖြေသိမ့်ခဲ့တယ်…။
သူ့အနားမှာ အနီးနေခိုက်
နှလုံးသားဟာ မသိလေတော့
ချစ်မေတ္တာရယ် တမြေခြားသလို
အနေနီးသော်လည်း ရေခြားနေခဲ့ပြီ…..။
ဝေးကြတော့မှ သိလာတဲ့
တို့ချစ်သက်သေနဲ့ ကံတရားရယ်
တစ်မိုးအောက်မှာ တယောက်တည်း
အလွမ်းတွေနဲ့ အထီးကျန်ဆဲ…။
ငါငယ်ငယ်က အတိက်ပုံရိပ်တွေ
အရိပ်ပမာ ထင်ဟက်နေခဲ့
ငါမြင်ခဲ့သော အတိက်များ၏
သခင်မကို ငါ့ရင်တွင်းမှာ
တသသနဲ့ လွမ်းဆွတ်နေတုန်း…။
ကာရံမညီသော ကဗျာထက်မှာ
အတိက်အရိပ်တွေ သီကုံးရင်း
ငါ့အချစ်သက်သေ ထွက်ဆိုချင်ပေမဲ့
အခုတော့လည်း ငါနောင်တနဲ့ပေါ့…။
ဝေးသွားခဲ့ပြီ ဆွေးသွားခဲ့ပြီ
ရရှိခဲ့ပြီ ငါ့နောင်တတွေ
အဆုံးစမဲ့ ကောင်ကင်ပြင်ထဲ
လွင့်မျောရင်း စိတ္တဇနဲ့လူး…။
တက္ကသိုလ်မြတ်မင်း
http://www.venpunnavamsa.blogspot.com
Comment #2
ကောင်းပါတယ်……..ဆက်ရေးပါနော်….
Comment #1
လုလင် အားပေးသွားပါတယ်