ကမ္ဘာကြီး တုန်ဟီးနေ
တောင်ဝန်ရိုးစွန်းက ရေခဲတွေ
ရိုးသားစွာ အရည်ပျော်ကျတာ
လောကကြီးကို မထီမဲ့မြင်ပြုတာပဲ
သမုဒ္ဒရာတွေ ကုန်းထလာပြီ
ကိုယ်လိပ်ပြာ ကိုယ်လုံပါ့ရဲ့လား။
သာရင်ပြုံးတယ် နာရင်မဲ့တယ်
ဘဝဆိုတာ ကိုယ်ဘက်ကိုယက်တဲ့လိပ်မျိုး
ရိုင်းလိုက်တဲ့ ဝါကျ အထာမကျဘူး
ကိုယ်ချင်းစာတရားဆိုတာ
ဆူနာမီလှိုင်းလုံးကြီးတွေ ဖြစ်ပေါ်စေတာလား။
ရယ်စရာ ပျက်လုံးတွေလား
ကမ္ဘာကြီးက လုံးတယ်ဆို
ဒါဆို ဘာလို့ အမှန်တရားတွေကို ပုပ်ထုတ်ကြတာလဲ
ထုံးတမ်းစဉ်လာတွေကြောင့်လား။
ကျေးဇူးတရားက မျက်နှာငယ်လေးနဲ့ သိမ်ငယ်လို့
မတောင်းပဲရတဲ့ အကူအညီထက်
တောင်းမှရတဲ့ အကူအညီက တန်ဖိုးကြီးတော့
အလကားရတဲ့နွား သွားဖြဲကြည့်
မေတ္တာတရားကို နွားပွဲစားလို့ ထင်နေကြပြန်တယ်။
ဒါနဲ့များ…
လောကကြီးက မတရားဘူးတဲ့
ခင်ဗျားတို့ကရော တရားသတဲ့လား
အရှက်တရားက ကားမှတ်တိုင်ဘေးရပ်
အကြောက်တရားက ပုရိသကို မြူဆွယ်
ကိုယ်ကျင့်တရား လက်ခမောင်းခတ်တော့
ရွှေပေါင်တော့ လေးကျပ်တိုး ခြံပေါင်းတော့ တဆယ်တိုး
ပေါက်နေတဲ့ အိုဇုံလွှာ ဘယ်လိုဖာထေးမတုန်း။ ။
Comment #1
ဒါနဲ့များ…
လောကကြီးက မတရားဘူးတဲ့
ခင်ဗျားတို့ကရော တရားသတဲ့လား
အရှက်တရားက ကားမှတ်တိုင်ဘေးရပ်
အကြောက်တရားက ပုရိသကို မြူဆွယ်
ကိုယ်ကျင့်တရား လက်ခမောင်းခတ်တော့
ရွှေပေါင်တော့ လေးကျပ်တိုး ခြံပေါင်းတော့ တဆယ်တိုး
ပေါက်နေတဲ့ အိုဇုံလွှာ ဘယ်လိုဖာထေးမတုန်း။