လောက မုန်တိုင်း နှင့် လူတို့အတ္တ
ပြောကြစတမ်းဆို အချစ်ကို အချစ်လို့ပဲထင်တယ်လေ
လောကကြီးမှာ အချစ်ကို စစ်အဖြစ်ပြောင်းပြစ်ကြသလိုပဲ
စစ်ပွဲတွေထဲမှာပဲ အချစ်စစ်တွေ ရှာနေကြပြန်တယ်လေ။။
သူများထက်မတူတာက လူရာဝင်ခြင်းမဟုတ်
အချစ်စစ် ကို အချစ်စစ်မှန်း သိတက်ဖို့ပဲလေ
အဆုံးမရှိတဲ့ လောကသတ္တကြီးမှာ
အချစ်ဆိုတာကော် ဘယ်မှာ အဆုံးသတ်မှာလဲကွယ်။
ဒီလိုပဲ စစ်တွေကလည်း ဆက်လက်ဖြစ်ပွားနေမှာပဲလေ။
ဒါကပဲ လောကကြီးတစ်ခုမှာ မရှိမဖြစ်တဲ့ လေ နဲ ရေ လိုပါပဲ။
အရှေ့အရပ်က နေထွက်တယ်ဆိုပင်မယ့်လည်း
ပထမဆုံး မြင်တွေခွင့်ဆိုတာမရှိခဲ့ကြပဲ
သေသွားကြသူတွေ အများကြီးပဲလေ။
လိုချင်တာက မိဖုရား တဲ့ ညားတော့ ဘုရင်မ
ဒီအဖြစ်ကို ပြန်ကြည့်ယင် လိုချင်တာမရလို
့ စိတ်ညစ်နေမယ်
စိတ်ညစ်လို့ လိုချင်တာကို ရအောင်မလုပ်နိုင်ဖြစ်မယ်။
အဆိုးဆုံးကတော့ ဖြစ်ချင်တာတွေထက်
ဖြစ်သင့်တာတွေကို ဦးစားပေးနေ၇ခြင်းပဲလေ။
လောကဓံ ကို ကြံကြံခံနိုင်ဖို့အတွက်ဆိုယင်
အဖေ နဲ့ အမေ ပေးလိုက်တဲ့ ခွန်အားတွေအပြင်
ဘ၀ရဲ့ ခါးသီးတဲ့ အတွေ့အကြုံ တွေကို
လက်တွေ့အဖြစ် ခံယူယင်းနဲ့
တိုတောင်းလှတဲ့ ဘ၀တစ်ခုကို
စိတ်ကြိုက်ဖန်တီးနိုင်မယ့်
ဖန်ဆင်းရှင် တစ်ပါးသာ ဖြစ်လိုက်ချင်ပါတယ်။
အစွန်းတဘက်ကို ရောက်မသွားအောင် ထိန်း
တစ်ဘက်မှာက ငြိမ်းချမ်းခြင်း ရှိနေမယ်။
ပြက္ခဒိန်ရဲ့ နေ၇က်တွေသာ ကုန်လွန်သွားတယ်
ဘ၀ရဲ့ မနက်ဖြန်ကို စိတ်ကြိုက် ဖန်တီးခွင့် မရှိသေးဘူး။
လူတိုင်းသာ အတ္တမကြီးကြဘူးဆိုယင်
ပဒေသာပင် မြေကနေ ပျောက်သွားမှာ မဟုတ်ဘူးနော်။
လူတိုင်းသာ မာန န၇ှိကြယင်
ခက်ထန်ကြမ်းတမ်းမှု့တွေကို
ကြုံတွေနိုင်မှာ မဟုတ်ပါဘူး။
လူတိုင်း အတ္တ ၊ မာန ကင်းသော ဘ၀ တစ်ခု ကို
ပိုင်ဆိုင်နိုင်ကြပါစေလို့
ဆုမွန်ကောင်းတောင်းလျှက်……….