ဆုံးဖြတ်ချက်
မေ့လိုက်တော့မယ်လို့..
ဆုံးဖြတ်ခဲ့ဘူးတယ်
မုန်းလိုက်တော့မယ်ဆိုပြီးလဲ..
နာကျည်းခဲ့ဘူးတယ်…
ဒါပေမဲ့…
ဦးနှောက်မပါတဲ့နှလုံးသားက
အမှတ်မရှိဘဲ..နင့်နားမှာ
ရှိနေချင်သေးတယ်တဲ့…
ဦးနှောက်က
နှလုံးသားဆန္ဒကိုလက်မခံနိုင်
နှလုံးသားကလဲ..
ဦးနှောက်ရဲ့ဆုံးဖြတ်ချက်ကိုမလိုက်နာနိုင်တော့
ကြားထဲက..ငါပဲတွေဝေရပြီပေါ့…
ခံစားရမယ်မှန်းသိရက်နဲ့..
နင့်အနားမှာရှိနေချင်သေးတဲ့..
နှလုံးသားရဲ့ဆန္ဒနောက်ကိုလိုက်ရမလား..?
ဒါမှမဟုတ်…
နင်နဲ့ဝေးရာကိုထွက်သွားမယ်ဆိုတဲ့.
ဦးနှောက်ရဲ့ဆုံးဖြတ်ချက်ကိုလိုက်နာရမှာလား..
ကောင်လေးရယ်…
ဒွိဟတွေနဲ့ တွေဝေနေတဲ့ငါ့ကို
ဆုံးဖြတ်ချက်တစ်ခုချနိုင်အောင်
ပြတ်သားပေးပါလားကွာ……………
Comment #2
really nice,,,
sate soe mi tone kha na pe (only an hour),,,mae phoe kyoe sar me loh sin sar mi de.
but,,,,,,,,
sate soe mi tone ka taung mone like dot me loh ma tway mi phu bu.
nar kyi phoe so yin tay hma pe loak loh ya me htin par de.
Comment #4
really nice decision
Comment #1
အားပေးခဲ့တယ်နော်….