ကျွန်တော့်ရဲ့ လမ်းလျှောက်ခြင်းများ
စမ်းတဝါး မစဉ်းစားဘူး….
တစ်လမ်းထဲသွားတဲ့ ငါ့ရထားက
ခေါင်မိုးမပါဘူး
အတက် အဆင်း ခရီးသွားတွေနှင့်
ပန်းတိုင်ကိုမှန်မှန် ခုတ်မောင်းဆဲ။
မစားကောင်းမှန်းသိလျှက်…
မြိုချမိတဲ့..ဒီပါးစပ်
သူ့အလိုလို ခါးသက်တော့မပေါ့
(တစ်ကယ်တော့)
ချစ်ခြင်းနဲ့ငါက
ပန်းချီကားထဲက ဝိုင်ပုလင်းနှင့်
စားပွဲပေါ်က ဖန်ခွက်လို။
လက်ရှိ လက်မဲ့..ဒီနှစ်ရပ်ကြား…..
စာနာမှုတရားက
ခပ်ပါးပါးသာ ကျန်တယ်
ခါးတယ်……………….
ငါ..ပြုံးတတ်အောင် လေ့ကျင့်ရအုံးမယ်။
မာန ကိုအရေခွံဆုတ်….
နေပှုရင် အရိပ်လုပ်…..
မိုးရွာရင် ထီးလုပ်….
နှင်းကျရင် အနွေးထည်လုပ်….
ဒီလောက်ဆို လုံလောက်ပြီ…
ခရီးဆက်ဖို့ လုံလောက်ပြီ….
လမ်း……ငါ့ရဲ့လမ်းတွေ……
ပိန်းပိတ်အောင် မှောင်အုံးတောင်
ကြယ်ရောင်နဲ့လဲ ဆက်လျှောက်မယ်
နေထွက်အောင် ငါရပ်မစောင့်ဘူး
ငါဆက်လျှောက်ရမယ်….
ငါ..အားမလျှော့ဘူး။
သုညကို တစ်ဖြစ်ဖို့….
အလီတွေ အကြိမ်ကြိမ်ရွတ်ပြီးပြီ
အဖြေမထွက်တောင်မှ
ဘဝကို…
ပျော်တတ်အောင်နေမယ်။
Comment #1
လမ်း……ငါ့ရဲ့လမ်းတွေ……
ပိန်းပိတ်အောင် မှောင်အုံးတောင်
ကြယ်ရောင်နဲ့လဲ ဆက်လျှောက်မယ်
နေထွက်အောင် ငါရပ်မစောင့်ဘူး
ငါဆက်လျှောက်ရမယ်….
ငါ..အားမလျှော့ဘူး။
သုညကို တစ်ဖြစ်ဖို့….
အလီတွေ အကြိမ်ကြိမ်ရွတ်ပြီးပြီ
အဖြေမထွက်တောင်မှ
ဘဝကို…
ပျော်တတ်အောင်နေမယ်