ပြောင်းလဲမှု့ဖြစ်တည်ခြင်း
အဆုံးမဲ့တဲ့ညများတဲ့
ဘယ်သူက စတင်လိုက်တယ်မသိ
ညဘက်မှာတော့ ကြယ်တွေလင်းမှာပေါ့
နေဘက်မှာတော့ နေသာမယ်ပေါ့။
ဒါကိုပဲ သဘာဝလို့ သတ်မှတ်ပြန်ကြတယ်
မိန်းမတစယောက်ကို
ယောက်ကျားတစယောက်က
ချစ်ခွင့်ပန်တုန်းကတော့
သူတို့ပြောကြတယ်။
ဘ၀နှစ်ခု ပေါင်းဆုံးဖို့ ကြိုးစားခြင်းတဲ့။
အော်…နောက်ဆုံးတော့လည်း
နိယာမကလည်း နိယာမလိုပဲ
သဘာဝကလည်း သဘာဝအတိုင်းပဲ
အချစ်ကလည်း အချစ်အတိုင်းပဲ
ပြောင်းလဲခဲ့တာက
ငါတစယောက်တည်းရယ်ပါကွယ်။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
hote pa,,ha,,ha,,
nout sone dot le,,,,,,,,,,,,,
r lone kou a hmar tway par,,
r lone kou kyaunt par,,
min hmar bar a pyit hma ma shi par bu pop naw