မိန်းမတစ်ယောက်ရဲ့……………..ဖွင့်ဟဝန်ခံချက်
မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်တဲ့….
ကိုယ်ဖတ်ခဲ့ဖူးတဲ့ စာအုပ်တစ်အုပ်ပေါ့
ကိုယ်လည်းမိန်းမတွေထဲက
မိန်းမတစ်ယောက်ပဲလေ..
အဲဒီစာအုပ်ဖတ်ပြီး
ကိုယ်လည်းဖွင့်ဟဝန်ခံကြည့်လိုက်တယ်။
ခြားနားမှုက
မိုးနဲ့မြေလောက်မဟုတ်ပေမယ့်
ညီမျှခြင်းနဲ့ ဝေးလှတယ်တဲ့လား…..
ဘေ့စ်တူမှလည်း
ပါဝါချင်း ပေါင်းချင်သတဲ့လား…..
ကိုယ်ပိုင်အလင်းရောင်နဲ့တောင်
မလင်းလက်နိုင်တဲ့
လမင်းရဲ့ ဘေးက
ဝန်းရံရတဲ့ ကြယ်တာရာတဲ့လား….
ကြယ်လေးရေ..
မင်းကြွေစေဖို့
ကိုယ်ဟာ
သိက္ခာတွေရှင်း
သင်္ချိုင်းနင်းလို့
ဒူးတုပ်ရိုကျိုးပြီး
အညံ့ခံရမတဲ့လား….
မင်းနဲ့ကိုယ် ပေါင်းဆုံဖို့အတွက်
ကိုယ့်ဘက်က
ခြေလှမ်းငါးလှမ်း လှမ်းမယ်ဆိုရင်
မင်းဘက်ကလည်း
ခြေလှမ်းငါးလှမ်း မလှမ်းသင့်ဘူးလား…
တရားမျှတမှုဆိုတာ
မရှိမဖြစ်လိုအပ်တယ်လို့
မင်း…လက်မခံချင်ဘူးလား….
ဒီလိုဆိုရင်လေ…
မင်းကို…ကိုယ်မခြွေ
မင်းကြွေတဲ့ အချိန်မှ
ကိုယ့်ရင်ခွင်ထဲ
ခိုဝင်လှည့်ပါ။
နောက်ဆုံးကိုယ်ရဲ့
ဖွင့်ဟဝန်ချက်ကို
ကိုယ်ပြောမယ်….
ကျောက်နံရံ မျက်နှာပြင်ပေါ်က
ပန်းတစ်ပွင့်ဟာ
မင်းသာဇွဲရှိမယ်ဆိုရင်
မင်းရဲ့….
ပန်းကလေးဖြစ်လာလိမ့်မယ်ဆိုတာ………..
Comment #2
Really nice,.
Comment #4
ကျောက်နံရံ မျက်နှာပြင်ပေါ်က
ပန်းတစ်ပွင့်ဟာ
မင်းသာဇွဲရှိမယ်ဆိုရင်
မင်းရဲ့….
ပန်းကလေးဖြစ်လာလိမ့်မယ်ဆိုတာ………..
Comment #1
နောက်ဆုံးကိုယ်ရဲ့
ဖွင့်ဟဝန်ချက်ကို
ကိုယ်ပြောမယ်….
ကျောက်နံရံ မျက်နှာပြင်ပေါ်က
ပန်းတစ်ပွင့်ဟာ
မင်းသာဇွဲရှိမယ်ဆိုရင်
မင်းရဲ့….
ပန်းကလေးဖြစ်လာလိမ့်မယ်ဆိုတာ………..