“ကျောက်မဲ” သို့…ရင်ကွဲအလွမ်း (၂)
စမ်းတစ်ဝါး အိမ်မက်ကလေးကို
ထုတ်ပိုးလိုက် ပြန်ပြင်လိုက်
ကျွန်တော်…..
အိမ်ပြန်အိမ်မက်ကလေးကို ရိုက်ချိုးမိသလားအမေ
သက္ကရာဇ်တွေ တွက်စစ်ရင်
ငါးနှစ်တောင် ကြာခဲ့ပါပေါ့။
နာရီလက်တံတွေ ပြေးလို့ကောင်းတုန်းပါပဲ
ချွေးတွေ၊သံတွေ ကြားက
ပြုတ်ကျလာတဲ့ အိမ်အလွမ်း
ကျွန်တော့်ရင်မှာ ခပ်ကြမ်းကြမ်းပွင့်လို့
နမ်းရှိုက်လိုက်တိုင်း မိုးလိုရွာတယ်။
ကျွန်တော့်မျက်လုံးတွေ အမြင်ဆန်းလဲ
ကျောက်မဲနဲ့အမေ့အိမ်ကိုပဲ လွမ်းတယ်
ကျွန်တော့်ခြေထောက်တွေ နိုင်လွန်ကတ္တရာထမ်းထားလဲ
ကျောက်မဲနဲ့မြေနီလမ်းကိုပဲ လွမ်းတယ်
အမှား၊ အမှန်ထက်
“သား” ပြန်လာနိုင်ဖို့ပဲ ကြိုးစားနေပါတယ်
ဒါပေမဲ့…လွမ်းတယ်….အမေ။
Comment #2
၁ ကော ၂ ကော တစ်မျိုးစီကောင်းတယ်
အားပေးသွားပါကြောင်း ~~
By: X - ray at Nov 13, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မိုက်တယ်…