“စေတန်စောင့်တဲ့ ညနေ”
ဘယ်လိုဖြစ်တာလဲ
ဒီ တစ်ညနေရဲ့ရက်စက်မှုက
ပြင်းလိုက်တာ…
ဟောဒီ ရင်ဘတ်ထဲမှာ
ပြွတ်သိပ်ကျပ်ခဲနေတာတွေသာ
အချစ် မဟုက်ခဲ့ရင်
ဘယ်အရာမှ မဖြစ်နိုင်တော့ဘူး။
တကယ်ပါ ကောင်မလေးရယ်
အလင်းတွေကုန်ခန်းနေတဲ့
ခုလို ညချမ်းအိုမှာတောင်
ဟောဒီကောင် အိပ်မပျော်သေးတာ
ဒုန်းဆိုင်းနေတဲ့ ရင်ခုန်သံတွေကြောင့်သာပေါ့။
ကိုယ် တိတ်တိတ်လေး
ပြန်နားထောင်တော့
ရင်ခုန်သံတွေရေးတဲ့ကဗျာက
တစ်ဆိတ်လွန်လွန်းတယ်။
ရင်ထဲမှာပူလာတာနဲ့
လူတွေပြောတဲ့ အအေးသောက်တော့
ဘယ်ဟုက်မလဲ
ချော်ရည်ပူတွေဖြစ်နေတယ်လေ။
ကြယ်စစ်သည်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service