ကယ်တင်ရှင်
ကယ်တင်ရှင်
အလင်းကင်းမဲ့ သွေ
စန္ဒာလမင်းကြွေပြီလား
ငွေရောင်ကြယ်လည်းမတွေ့ 
အမှောင်တွေ ဆွေ့ ဆွေ့ ချုပ်နေ
ခြောက်ခြားစေတဲ့ညနက်ထဲ
မှော်သရဲတွေခေါ်သံများလား
ငါ့နားထဲကြားယောင်နေမိတယ်…….
သက်မဲ့ခန္ဒာတွေနဲ့ 
ဒါဟာငရဲဘုံလေလား
ရက်စက်မှုတွေလက်ယက်ခေါ်နေတဲ့
သွေးပျက်ဖွယ်တစ္တေတွေ
မှင်သက်စေတဲ့
အနီရောင်မြက်ခင်းပေါ်က သတ်ဖြတ်ခြင်းတွေ
မြင်ယောင်နေမိတော့….
မေတ္တာကင်းမဲ့ သတ်ဖြတ်ခြင်းတွေလား
မှေးစက်ဖို့ ရင်ခွင်မရှိ
ငရဲဇာတ်ခင်းတဲ့ဘုံမှာ
ရက်စက်ခြင်းတွေ ကင်းကွာစေဖို့ 
လနတ်သမီး မင်းရဲ့ အလင်းရောင်နဲ့
အမှောင်ထုကိုဖြိုခွင်းပေး……………..။ ။
မင်းအိမ်