ငါ့ညရဲ့  လတစ်စင်း
ငါ့ညရဲ့  လတစ်စင်း
မိန်းကလေးရေ..
တမ်းတခဲ့ ညတိုင်း
စွဲလမ်းမှုပြသနာကြောင့်
အလွမ်းခြေရာတွေဟာ
ငါ့နှလုံးသားကြမ်းပြင်မှာ အထပ်ထပ်ပေါ့……
ငါ့ဘ၀ရဲ့ ည..
ငါ့ညရဲ့ အိပ်မက်
ငါ့အိပ်မက်ရဲ့သံစဉ်တွေတိုင်းလည်း
မင်းလေးပဲလွှမ်းမိုးထားလို့ ..
ငါ့ဘ၀က ညဖြစ်ခဲ့ရင်
မင်းအကြောင်းအိပ်မက်တွေက
ငါ့ဘ၀ရဲ့မျှော်လင့်ခြင်း
ငါ့ညရဲ့  လတစ်စင်းဖြစ်ပါစေ………..။ ။
မင်းအိမ်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကောင်းပါတယ်
အားပေးသွားပါတယ် virus က