အကျဉ်းသား
ကိုယ့်လှေကို ကိုယ်မထိုးပဲခူးရောက်ခဲ့ရပြီ
ငါ့မြင်းကို ငါမစိုင်းရဘဲ စစ်ကိုင်းမြို့လည်းဝင်ခဲ့ရတယ်။ ။
ပျောက်ရှမှုတွေကြားမှာ နစ်မွန်းရင်း… လိုက်ရှာရင်း
မြုပ်ချီတခါ ပေါ်ချီတလှည့်နဲ့
ပြန်တွေ့လိုက်ရတဲ့ “ငါ” ကို
တန်ဖိုးထားဖက်တွယ်လို့
ကိုယ့်တရားကိုယ်စီရင်
ကိုယ့်ကြမ္မာကိုယ်ဖန်တီး
ကိုယ့်အကျဉ်းကိုယ့်ဟာကိုယ်ချ
ကိုယ့်ကိုယ်ကိုယ် သော့ခတ်ပြီး
အနေကောင်းလိုက်တာ
ဒီတစ်သက် “ချစ်သူ” ဆိုတဲ့အသုံအနှုန်းကို
ငါလေ……………. သုံးနှုန်းခွင့်ရနိုင်ပါဦးမလား ?
နှင်းဆီနက် (15th August 2011-2:29am)
Comment #2
he,,he,,,
hote pa,
i agree with virus.
By: ei lay at Nov 6, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဒီတစ်သက် “ချစ်သူ” ဆိုတဲ့အသုံအနှုန်းကို
ငါလေ……………. သုံးနှုန်းခွင့်ရနိုင်ပါဦးမလား ?
သုံးလို့ရပါတယ်
ဘယ်သူမှတရားမစွဲပါဘူး
ရဲရဲဝံ၀ံသုံးလို့ရပါတယ်
အားမငယ်ပါနဲ့
အားပေးသွားပါတယ်