ကြယ်ကြွေညရဲ့ ဟင်းလင်ပြင်
ကြယ်တွေကြွေတဲ့ည
ဆုတောင်းတွေကဖြစ်မလာခဲ့
ပြန်မတွေ့ နိုင်တော့မယ့်ငါတို့ နှစ်ယောက်
ကြယ်ကြွေတွေအောက် မျက်ရည်တွေ
မှောက်ခဲ့ပြီ…..
ညဟာကြမ်းတမ်းဆဲ…
စိတ္တဇနရံတွေကြားမှာ
မင်းပုံရိပ်တွေနဲ့ ရူးသွပ်ရင်း
ကြေနပ်နေခဲ့ရ…
နင်ဟာ ငါ့အိပ်မက်ပါပဲ
ကောင်မလေးရယ်….
ကောင်မလေးရေ…
ငါ့အိပ်မက်လည်းဖြစ်
ငါ့အသက်လည်းဖြစ်တဲ့
ကောင်မလေးရေ…
ငါ့ကိုချစ်ပါ….
ငါ့ကိုတမ်းတပါ…
ငါ့ကိုအောက်မေ့တယ်လို့ သဘောမထားပဲ
ငါ့ကိုပဲသတိရပါ…
မှတ်တမ်းမှတ်ရာတွေ
ခြွေခြခဲ့တဲ့ နေ့ စွဲကိုမေ့ထားရင်း
သံသရာတစ်ကြော ခရီးနှင်ကြဦးပေါ့
ကောင်မလေးရယ်….
ရဲဝင့်အောင်(ဒဿနိကဗေဒ)
အကူအညီတောင်းခံခြင်း။ ။ကျွန်တော်သည် ကဗျာဆရာတစ်ယောက်အဖြစ်ရပ်တည်ချင်ပါသည်။
မဂ္ဂဇင်းတိုက်များနှင့် အဆက်အသွယ်ရှိမည့်လူများအားကျွန်တော့်ကို
အကူအညီပေးရန်တောင်းခံအပ်ပါသည်။
[email protected] နှင့် jokeryae15blumail.org
သို့ ဆက်သွယ်ပေးကြပါခင်ဗျာ..
Comment #2
so so so so good.
Comment #1
မှတ်တမ်းမှတ်ရာတွေ
ခြွေခြခဲ့တဲ့ နေ့ စွဲကိုမေ့ထားရင်း
သံသရာတစ်ကြော ခရီးနှင်ကြဦးပေါ့………..