သက်တံ့ပြယ်ချိန်
သစ်ရွက်တွေကြွေကျ
စံပါယ်တွေမြေခနဲ့ 
ကံတရားရဲ့စီရင်ပုံက မမျှတ
ငါ့မှာသာ အသဲတွေ
ကြွေကြွေပြနေရတယ်…
မိုးနှောင်းရဲ့လမ်းခုလတ်မှာ
ငါ့ကိုထားခဲ့ပါတော့…
နောက်လူဆိုတာ
မနက်ဖြန်မှာနင့်အတွက်
ကောင်းကင်သစ်တစ်ခုလား?
သာမာန်ပျိုးပင်တွေပဲ
ထွန်ယက်ပါရစေ…
မိုးအတုတွေမရှိတဲ့
ကောင်းကင်အောက်မှာ
ငါ့ကိုချန်ခဲ့ပါတော့…
သတိတရနဲ့ ရေးတဲ့
ပြန်တမ်းမှာ အသဲကွဲခြင်း
မြောက်မြားစွာပါတယ်…
မျှော်လင့်ခြင်းတွေကို
တခုတ်တရနဲ့  ပျိုးမထောင်ချင်တော့ဘူး
အသဲစားနိုင်ငံအိုမှာ
ငါ့ကိုမေ့ခဲ့ပါတော့…
နင်ပေးတဲ့အမုန်းကို
တယုတယသိမ်းဆည်းထားရင်း
ရင်ကွဲခံပါ့မယ်…
ဗလာစာအုပ်တစ်အုပ်
ဘော့ပင်တစ်ချောင်းဆီမှာ
နင့်ပုံရိပ်တွေနဲ့ အတူ
ငါ့ကိုမြှုပ်နှံခဲ့ပါတော့…
ရဲဝင့်အောင်(ဒဿနိကဗေဒ)
Comment #3
နောက်လူဆိုတာ
မနက်ဖြန်မှာနင့်အတွက်
ကောင်းကင်သစ်တစ်ခုလား?
နင်ပေးတဲ့အမုန်းကို
တယုတယသိမ်းဆည်းထားရင်း
ရင်ကွဲခံပါ့မယ်…
ဗလာစာအုပ်တစ်အုပ်
ဘော့ပင်တစ်ချောင်းဆီမှာ
နင့်ပုံရိပ်တွေနဲ့ အတူ
ငါ့ကိုမြှုပ်နှံခဲ့ပါတော့…
အားပေးသွားတယ်ဗျာ…..ကောင်းလိုက်တဲ့ စာသားတွေ…..
Comment #5
great.
Comment #6
နောက်လူဆိုတာ
မနက်ဖြန်မှာနင့်အတွက်
ကောင်းကင်သစ်တစ်ခုလား?
ချစ်ခင်စွာဖြင့်…..
ကိုသျှား
Comment #1
သစ်ရွက်တွေကြွေကျ
စံပါယ်တွေမြေခနဲ့ 
ကံတရားရဲ့စီရင်ပုံက မမျှတ
ငါ့မှာသာ အသဲတွေ
ကြွေကြွေပြနေရတယ်…
မိုးနှောင်းရဲ့လမ်းခုလတ်မှာ
ငါ့ကိုထားခဲ့ပါတော့…