ကျွန်တော်ရဲ့ စင်ဒရဲလား
ပုန်းကွယ်နေတဲ့
အမှန်တရားတွေ
ထွက်လာဖို့
ကျွန်တော့ ခေါ်ဖူးတယ်
သို့ပေမယ့်
ဖွင့် ထွက်မလာတဲ့
ကျွန်တော့်အသံတွေက
တေမိဇာတ်ခင်းနေချေရဲ့……..။
ခိုးကြည့်ရတဲ့မျက်ဝန်းတွေဟာ
မောလွန်းလွန်း
အိုနေလေပြီ……….။
ရသ…..အလွမ်း……အနမ်း
ချစ်ခြင်း တို့သည့်
တခါတရံ
လာချင်တိုင်းလာသလောက်
တစ်ခါတစ်ရံတော့
မသိချင်ယောင် ဆောင်တတ်လွန်းတော့ခက်ပြီ…….။
ရေးခဲ့တဲ့ကဗျာတွေ
စောင့်ကြည့်ခဲ့တဲ့ခြေလှမ်းလေးတွေ
ကြေကွဲခဲ့ရတဲ့နေ့ရက်တွေ
ချစ်ခဲ့ရတဲ့ နှလုံးသားတွေဟာ
တစ်နေ့ထက် တစ်နေ့ နဲ့
ရင်ဘက်နဲ့မဆန့်အောင်
များလာနေပြီ…….။
စကားပြောမကောင်းတဲ့ ငါ
ရုပ်မချောတဲ့ ငါ
ပိုက်ဆံမရှိတဲ့ ငါ…..။
ချိုလွင်တဲ့ ရယ်သံလေးတွေ
ပိုင်ဆိုင်တဲ့ နင်
ချစ်စရာကောင်းတဲ့
မျက်နှာဝိုင်းလေးနဲ့ နင်
ဥစ္စာပြည့်စုံတဲ့
မင်းသမီးလေး နင်…….။
နင်နဲ့ ငါဟာ
ဆီနဲ့ရေလိုပဲလေ
ကွာခြားတာများ
ရေတောင်မှ ရေသန့်မဟုတ်ရလေဘူး……..။
လှလွန်းတဲ့နင်
ချစ်စရာကောင်းတဲ့နင်
ငါချစ်ရတဲ့နင်ဟာ
ကကြိုးလှလှတွေနဲ့
ညခင်းတိုင်းမှာ
ငါ့အိပ်မက်ကို
ရောက်ရောက်လာချေရဲ့
စင်ဒရဲလားမဟုတ်တော့
ငါရှာဖို့ ဖိနပ်တစ်ရံတော့
မရှိရှာဖူးလေ………..။
ကျေးဇူးပြုပြီး
အပြင်မှာ မပိုင်ဆိုင်ရပေမယ့်
အိပ်မက်ထဲ ကို
ရောက်အောင်လာခဲ့ရတဲ့
စင်ဒရဲလားလေးကို
မနက်ခင်းတို့ရေ
မောင်းမထုတ်ကြပါနဲ့ဗျာ နော်………………။
Comment #2
wow,,,,,,,,,,,,,,,,,
wow,,,,,,,,,,
sound great,
Comment #3
so so nice
Comment #1
ဟားးးးးးးးးးးးးး
ောင်းတယ်ဗျို့ 