မလွမ်းနဲ့တော့ ရွှေဘိုသူ
ရိက္ခာဝေ မနက်ခင်း
မျှစ်ဟင်းချိုရဲ။
တပ်ချီရန် မောင်းသံသွင်း
ဝါးရင်တုတ်ဆွဲ။
မမြင်ရက်ကြာ
ကြင်သက်လျာ အချစ်မြဲပေမယ့်
စစ်ပွဲပြန် အောင်နိမိတ်စေလိုသူမတော့
ရွှေဘိုသူ မြင်ယောင်ဆဲ
လွမ်းပွဲမျိုသိပ်။
သည်းလမ်းမြှောင်မှာ
စခန်းထောင်ကာ ၊ အားလှုံမွေးပြန်ခိုက်
ဓါးပုံသွေး သတင်ထောက်ရာက
ကင်းစောင့်ရှာ တစ်အိုးစားရယ်
ပင်ဝါးရုံရိပ် ။ ။
Comment #2
ဟုတ်….မလွမ်းတော့ဘူး ။ 😛
By: May Kha at Sep 16, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
စစ်ပွဲပြန် အောင်နိမိတ်စေလိုသူမတော့
ရွှေဘိုသူ မြင်ယောင်ဆဲ
လွမ်းပွဲမျိုသိပ်။
စစ်သည်တစ်ယောက်ရဲ့အလွမ်းကဗျာပဲ
ကောင်းပါတယ်
ကိုယ့်လူ