“ငါ့ ပန်းချီ”
ငါ့ ရင်နန်းထဲ
နင် ၀င်လာတာများ
ပရမ်းပတာနဲ့
ကြမ်းကြမ်းရမ်းရမ်းရှိလိုက်တာ…။
ပန်းသီးတစ်ခြမ်းနဲ့
အဲ့ဒီ့ အလွမ်းရဲ့
မခမ်းနားချက်ကတော့
တွေးရက်စရာတောင်မရှိဘူး…။
နေလုံးကြီး လွတ်ထွက်သွားမှာစိုးလို့
လှမ်းဆွဲလိုက်ရတာ မောတယ်…
နင့်ကို လွမ်းရတာ
အဆုံးသိတဲ့ဝထ္တုဖတ်နေရသလိုပဲ…။
တောင်စွယ်နေကွယ်ရင်
နင် ငါ့ကိုသတ်မှာသိသားပဲ…
ငါ့ ဘ၀အရှုံးထက်
အပြုံးမပျက်တဲ့ ဆည်းဆာကို
နင့် လက်အပ်ခဲ့ရမှာစိုးတယ်…။
Comment #2
ငါ့ ရင်နန်းထဲ
နင် ၀င်လာတာများ
ပရမ်းပတာနဲ့
ကြမ်းကြမ်းရမ်းရမ်းရှိလိုက်တာ…။

Comment #3
တောင်စွယ်နေကွယ်ရင်
နင် ငါ့ကိုသတ်မှာသိသားပဲ…
ငါ့ ဘ၀အရှုံးထက်
အပြုံးမပျက်တဲ့ ဆည်းဆာကို
နင့် လက်အပ်ခဲ့ရမှာစိုးတယ်…။

Comment #5
အားပေးသွားပါ၏

Comment #7
nice

Comment #12
မိုက်တယ်

Comment #13
shae yae ko kyo ti de so dot bay din haw pay par lar hin?

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
န်းသီးတစ်ခြမ်းနဲ့
အဲ့ဒီ့ အလွမ်းရဲ့
မခမ်းနားချက်ကတော့
တွေးရက်စရာတောင်မရှိဘူး…။