ဝိုးတ၀ါး
ဘာကြောင့်များ…
ပန်းတွေဖူးပွင့်ကြတာပါလိမ့် … လို့။
မိုးစက်တွေက
ဝတ်လွှာတွေအဖြစ်ရွာချရင်
သိပ်ကောင်းမှာပဲ..
ကျွန်မရဲ့ မဖြစ်စလောက် ဦးနှောက်လေးနဲ့
မျှော်လင့်မိပါတယ်..။
ခေါင်းမော့ပြီး မျှော်ကြည့်တော့
ကြယ်ပွင့်တွေက ခပ်ပြုံးပြုံးနဲ့
ကျွန်မကို မေးဆတ်တယ်…။
ဖိုးရွှေလမင်းကတော့
မြုပ်တစ်ဝက် ပေါ်တစ်ဝက်နဲ့။
မရေရာတဲ့အတွေးပါ…
ကောင်းကင်က အပြာရောင်သန်းနေသလိုပဲ
ကျွန်မအတွက်သီးသန့်တဲ့လေ။
ဘာပဲဖြစ်ဖြစ်…
ကောင်းကင်နဲ့လမင်းရေ
ကြယ်တွေခင်းတဲ့ အပြာရောင် တလင်းမှာ
ဒီညတစ်ဝက်လောက်တော့..ကျွန်မ..
နတ်သမီး ဖြစ်ခဲ့ပါရစေ။ ။
နှင်းဆီနက် (17th September 2011-1:01am)
Comment #2
hote bu,,
ta nya lone pr nat ta me loak me.
ta wat de loak ya me so yin loak bu.

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
I like this