♥ သူ ♥
♥ သူ ♥
အိပ်မပျော် ဒီည
နေမရလို့
ငုတ်တုတ်ထိုင်
အတွေးဆိုင်တွင်
သူ့အရိပ်ပြေးလွှား
အတွေးပွါးလို့
မီးကိုထပိတ်
ပြန်အိပ်ပြန်လဲ
သူသာဝင်လာ
အတွေးကမ္ဘာထဲ
စိုးမိုးနေဆဲ
စိုးမိုးမြဲမို့
မီးကိုပြန်ဖွင့်
စာအုပ်ဖွင့်ကာ
ဘောပင်ကိုင်ဆွဲ
ကဗျာထဲတွင်
ဈန်ဝင်နှစ်မြုပ်
ရေးဖို့လုပ်လဲ
သူ့အကြောင်းတွေပဲရေးဖြစ်တယ် ။ ။
ဒီလူ(တောင်တွင်းကြီး)
Comment #3
အားပေးသွားတယ်.
By: May Kha at Sep 20, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
har,,,,
right,,,
right,,,
he,,he, not poem,,but my diary.