“နင် မသိခဲ့တဲ့ ငါ”
ဘာမှမဟုက်ဘူးတဲ့လား…
အဲဒါက…
ဘာမှမဟုက်ဘူးပေါ့။
နင် ပြောထွက်တဲ့စကား
ခါးသက်သက် မဲ့ပြုံးနဲ့
အရာရာမှာ ရှုံးခဲ့ရ…
လှောင်ရယ်သံ နှောတဲ့စကားတစ်ခွန်းက
ငါ့ အိမ်မက်တွေပြိုလဲ
ကျကွဲသွားတဲ့…
ငါ့ နှလုံးသားက…..
ဘာမှမဟုက်ဘူးတဲ့လား…
အဲဒါက…
ဘာမှမဟုက်ဘူးပေါ့။
ထုတ်မရသေးတဲ့ ဆူးနဲ့
နှင်းဆီတစ်ပွင့်ပေါ် မူးလဲ
နင့် ဘ၀ထဲက… မိုးကောင်းကင်ကြည်လင်ချိန်မှာ
အလွယ်တကူ နှောင်ကြိုးလျော့ပေးခဲ့တာကကော…
ဘာမှမဟုက်ဘူးတဲ့လား…
အဲဒါက… လည်း
ဘာမှမဟုက်ဘူးပေါ့။
မရေရာတဲ့…
အဲ့ဒီ ငါ ကပေါ့…
နင့် အကြောင်းဆို
စာလုံးပေါင်းတောင် မသိသေးတဲ့
နောက်ထပ် တစ်ယောက်ကိုမွေးဖွားပေးခဲ့တယ်။
ဟုက်တယ်… ငါ့ဆီမှာ
နင် မမြင်ဘူးတဲ့
နောက်ထပ် ငါတစ်ယောက်ရှိနေသေးတယ်။
Comment #4
မရေရာတဲ့…
အဲ့ဒီ ငါ ကပေါ့…
နင့် အကြောင်းဆို
စာလုံးပေါင်းတောင် မသိသေးတဲ့
နောက်ထပ် တစ်ယောက်ကိုမွေးဖွားပေးခဲ့တယ်။
Right!!!!!
ဒီလိုပဲဖြစ်သင့်တယ်ဗျာ တကယ်…..။အားပေးသွားတယ်နော်
Comment #7
မရေရာတဲ့…
အဲ့ဒီ ငါ ကပေါ့…
နင့် အကြောင်းဆို
စာလုံးပေါင်းတောင် မသိသေးတဲ့
နောက်ထပ် တစ်ယောက်ကိုမွေးဖွားပေးခဲ့တယ်။
ဟုက်တယ်… ငါ့ဆီမှာ
နင် မမြင်ဘူးတဲ့
နောက်ထပ် ငါတစ်ယောက်ရှိနေသေးတယ်။
Comment #10
အားပေးသွားတယ်နော်…ဟဲဟဲ
Comment #1
nice