ထိုခဏ
အိပ်မက်တို.သည်
သူမ၏ အလင်းဖြင်.
အတိုင်းမသိ လင်းသည်။
ထိုခဏတွင်
မှောင်မိုက်ခြင်းသည်
ကျွန်ုပ် ကိုယ်တိုင်ပင်
ဖြစ်နေခြေပြီ။
သွားပါ
အလင်းမရှိတဲ့
မနက်ဦးမှာ
မနေရစ်ပါနဲ့…………………….
လျှောက်ရွေ.လည်း
ရောက်ခဲ့ပြီးပြီ
ရောက်ရွေ.လည်း
……………………………………..
ခုတော. အိပ်မက်ဦးမှာ
ဘီလူးစီးနေလေပြီ။
အတက်အကျ ရှိတဲ့
လောကဓံ မှာ
ခြေစုံရပ်ရင်း
အမှားကို အမှန်လုပ်
ခေါင်းကို ငါ
အကြီမ်ကြီမ်
ညှိတ်ပေးခဲ့လိုက်မယ်။
ချစ်သူ…………………………..
ridd
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကောင်းတယ်ဗျာ အားပေးသွားတယ်