“အပြန်”
(၁)
“ည” လေးတစ်ခုသာယာချင်ယုံနဲ့တော့
လမင်းကြီးကို
တမ်းတမနေချင်တော့ပါဘူး… ။
လောကကြီးမတရားတာက
ကိုယ့်တစ်ယောက်တည်းမှ မဟုက်ပဲ
နားလည်လိုက်ပါ ကောင်မလေးရယ်… ။
(၂)
ကောင်မလေးရေ….
ငါ့ရဲ့ ကောင်မလေးရေ…
နတ်ရေးတဲ့ဖူးစာဆိုလည်း
ဘယ်သူမှ မျှော်လင့်ခြင်းနဲ့
“စ” ကတည်းက ထပ်တူမကျခဲ့ပါဘူး… ။
(၃)
တစ်နေ့တော့…ဆိုတာ
ဝေးနေရင်
မျှော်တွေးမနေနဲ့…
ကိုယ့်ကို သတိရတဲ့အခါ…
ကဗျာလေးတွေဖတ်ပါ။
အလွမ်းတွေ ပုံဖေါ်ထားတဲ့
ကဗျာလေးတွေက
ကောင်မလေးကို ပြောပြနေပါလိမ့်မယ်။
(၄)
ဒီလိုနဲ့…
ဒီရေအတက်အကျလေးတွေ
အခါခါဖြစ်ပြီး
ကျောက်ဆောင်တွေရဲ့ပါးပြင်လေးတွေ
ပူနွေး လှိုက်စားပြီးရင်းနဲ့
အဲဒီ့…
“တစ်နေ့တော့”… ဟာ
ကောင်မလေး ကိုကိုယ်ထင်ပြပါလိမ့်မယ်…။
(၅)
လင်းသန့်အေးမြတဲ့ “ဆောင်းလေညင်း”လေးကို
ရွက်ကြွေကာစ… သစ်အိုပင်ကြီးက
ပြန်လည် တမ်းတနေတဲ့
“မနက်” မှာ…
ကောင်မလေး စီပြန်ရောက်လာတော့မယ်လေ… ။
(၆)
ဆရာတာယာမင်းဝေရဲ့
ကဗျာထဲကလို…
“ဘယ်သူမဆို
မနက်ဖြန်ခါကိုတော့ နေထွက်ခွင့်ပေးရမယ်” မဟုက်လား။
Comment #2
နတ်ရေးတဲ့ဖူးစာဆိုလည်း
ဘယ်သူမှ မျှော်လင့်ခြင်းနဲ့
“စ” ကတည်းက ထပ်တူမကျခဲ့ပါဘူး… ။
Comment #3
ကဗျာထဲကကောင်းလေးကို
အမြန်ပြန်နိုင်ပါစေလို့…..
Comment #4
ဘယ်ကိုပြန်ချင်တာလဲ…
ပြန်ချင်တဲဆီကိုအမြန်ဆုံးရောက်နိုင်ပါစေ…
Comment #1
ဘယ်သူမဆို
မနက်ဖြန်ခါကိုတော့ နေထွက်ခွင့်ပေးရမယ်” မဟုက်လား။