လမ်းခွဲ ( sharon )
ဘာကိုများမျှော်လင့် ရဦးမှာလဲ
ချန်ထားခံရလို့ ကျန်နေရတာပါ
ကျန်ခဲ့ချင် လို့  နင်ချန်သွားတာမှမဟုတ်တာ
ဘယ်သူကပိုအရေးပါခဲ့ လဲ
ငါ့အတွက်သီးသန့်လင်းတဲ့ ကြယ်ဆိုတာလဲမရှိပါဘူး
ကောင်းကင်မှမရှိတော့ ဘဲ
ငါက
ဘယ်လိုများလင်းလက်ပြရဦးမှာလဲ
ကြိုးစားမေ့ပစ်ဖို့ 
ဇာတ်နာခဲ့ ရတယ်
နားလည်မှုရပ်ဝန်း
ခမ်းခြောက်သွားတဲ့ နောက်
မွေးစားထားဖူးတဲ့ အလွမ်းတွေ အမွေစားအမွေခံဖြစ်သွားတယ်
အလွမ်းတွေ
အလွမ်းတွေ
ညနေခင်းတိုင်းမှာ ကြေကွဲစွာ
ရိတ်သိမ်းချိန်ရောက်နေပြီဆိုရင်တောင်
ငါက
မင်းနဲ့ ပက်သက်သမျှ
ခြေရာလက်ရာမပျက် ထားချင်ခဲ့ တာ
ရှရွန်
Comment #7
နားလည်မှုရပ်ဝန်း
ခမ်းခြောက်သွားတဲ့ နောက်
မွေးစားထားဖူးတဲ့ အလွမ်းတွေ အမွေစားအမွေခံဖြစ်သွားတယ်
ကောင်းပါတယ်။အားပေးသွားပါတယ်။
Comment #9
ဘယ်သူကပိုအရေးပါခဲ့ လဲ
ငါ့အတွက်သီးသန့် လင်းတဲ့ ကြယ်ဆိုတာလဲမရှိပါဘူး
ကောင်းကင်မှမရှိတော့ ဘဲ
ငါက
ဘယ်လိုများလင်းလက်ပြရအုံးမှာလဲ
ကြိုးစားမေ့ပစ်ဖို့ 
ဇာတ်နာခဲ့ ရတယ်
Comment #10
အလွမ်းတွေ
အလွမ်းတွေ
ညနေခင်းတိုင်းမှာ ကြေကွဲစွာ
ရိတ်သိမ်းချိန်ရောက်နေပြိဆိုရင်တောင်
ငါက
မင်းနဲ့ ပက်သက်သမျှ
ခြေရာလက်ရာမပျက် ထားချင်ခဲ့ တာ
ကဗျာလေးကောင်းပါသည်……။
Comment #15
နားလည်မှုရပ်ဝန်း
ခမ်းခြောက်သွားတဲ့ နောက်
မွေးစားထားဖူးတဲ့ အလွမ်းတွေ အမွေစားအမွေခံဖြစ်သွားတယ်…
စာသားလေးကမိုက်တယ်နော်….အားပေးသွားပါတယ်
Comment #1
ရိတ်သိမ်းချိန်ရောက်နေပြိဆိုရင်တောင်
ငါက
မင်းနဲ့ ပက်သက်သမျှ
ခြေရာလက်ရာမပျက် ထားချင်ခဲ့ တာ