ဧရာ..သက်သေ
ချစ်သော ဧရာဝတီ….
မင်း စတင်မွေးဖွားရာ
မြစ်ဆုံဆိုတဲ့နေရာမှာ
သူနဲ့ အတူတူရှိခဲ့ဖူးတယ်…..
မင်းစီးဆင်းရာ
ကမ်းနံဘေးကဆိုင်မှာ
သူနဲ့အတူတူထိုင်ခဲ့ဖူးတယ်……
ပြန်ချိန်တန်လို့
ခွဲရတော့မယ့်အခါ..
မင်း ဘေးနားမှာ ငိုခဲ့ဖူးတယ်…..
တစ်ယောက်တစ်နယ်စီ
ကွာဝေးနေလည်း…….
မင်းကိုမြင်တိုင်းလွမ်းခဲ့ဖူးတယ်……..
ဖြစ်နိုင်မယ်ဆိုရင်
ရေစီးကြောင်းပြောင်းပြန်လှန်ပြီး
သူ့ကိုပြောပြလိုက်စမ်းပါကွာ…
ဧရာဝတီရယ်….
ငါသူ့ကိုဘယ်လောက်ချစ်တယ်ဆိုတာ…
မင်းသက်သေရှိပါတယ်……။
Comment #3
ကောင်းပါ့ဗျား…
By: အသဲကွဲမိုး at Sep 19, 2011
Comment #4
so nice,
so nice,
so nice,
thz xo xo much.
By: ei lay at Oct 30, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အင်း.စဉ်းစားလေနှမြောလေပဲနော်……….